စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များမှ တပ်ချိန်းရာတွင် လူသားဒိုင်းအဖြစ် ကျေးရွာခေါင်းဆောင်များကို ခေါ်ဆောင်သွား

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅၊ သထုံခရိုင်

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃၊ တပ်ခွဲ(၂) ကြသောင်းဆိပ် စခန်း သို့ တပ်ချိန်းရန်နှင့်ရိက္ခာပို့ရန် စက်တင်ဘာ လ(၁၄)ရက်နေ့က မြစ်ကျိုးကျေးရွာတွင် ထော်လာဂျီ (၅)စီး(ယာဉ်မောင်းအပါအဝင်)နှင့် ကျေးရွာ ခေါင်းဆောင်ရပ်မိရပ်ဖ (၆)ဦးကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားသည်။

"ထော်လာဂျီ(၅)စီးကို ရိက္ခာတင်ဖို့အတွက်ခေါ်သွားတယ်၊ ဆန်အိတ်(၁၆၆)အိတ်တင်သွားတယ်၊ ပိုက်ဆံမပေးဘူး၊ မြစ်ကျိုးရွာက ရပ်မိရပ်ဖ(၆)ယောက်ကိုလည်း သူတို့လုံခြုံရေးအတွက်ခေါ်သွားတယ်"ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူမှပြောသည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ၁၁ရက် နေ့ကလည်း အကြမ်းဖက်စစ်အုပ်စု (ခမရ-၄၀၆) နှင့် BGF-၁၀၁၃ ပူးပေါင်းတပ်ဖွဲ့မှ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ်(၃)လုံးပေါ်သို့ တက်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့မှုများရှိသည်။