စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
သံဘို-မူသယ် ကားလမ်းပေါ်တွင် တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား


၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်/ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်-တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ်၊ တပ်ရင်း(၉) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ် ခလရ-၆၀ သည် သံဘိုစခန်းမှ ထွက်လာ ပြီး မူသယ်ကားလမ်းပေါ်သို့ တက်လာချိန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် ၅း၀၀ နာရီ ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, တပ်ရင်း(၉) နှင့် ကျောက်ကြီး နယ်မြေ သံဘိုကျေးရွာ အနီးတွင် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ မွန်းတည့် ၁၂း၀၀ နာရီ ခန့်တွင် လည်း ဆောမီးလူ တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ် ဘက်မှ (၂၀) ဦး ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါသည်။

ညောင်လေးပင်ခရိုင်-တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ်၊ တပ်ရင်း(၉) နယ်မြေတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ သံဘို-မူသယ် ကားလမ်းကို ဒေသခံများ ကန့်ကွက်သည့် ကြားမှ ပြန်လည် ဖောက်လုပ်ခဲ့ပြီး နောက်ပိုင်း မကြာခဏ ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေပါသည်။ ထို့အတူ မူသယ်စခန်း တွင် တပ်ချနေသော စစ်ကောင်စီ တပ် မှလည်း ဒေသခံများ ၏ လုပ်ငန်းခွင်များသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းများ ကို မကြာခဏ ပြုလုပ်နေပါသည်။ ထိုသို့ စစ်ရေးလှုပ်ရှားနေမှုများကြောင့် ကျောက်ကြီးမြို့နယ် ခဲဒဲကျေးရွာအုပ်စု မှ ပြည်သူလူထုများ မှာ ကျေးရွာအတွင်းတွင် နေထိုင်ရန် ကြောက်လန့်နေကြပြီး တောတောင်များထဲတွင် ရှောင်တိမ်း ပုန်းအောင်း နေကြရပါသည်။ ညောင်လေးပင်ခရိုင်-တပ်မဟာ(၃) နယ်မြေ အတွင်း ထွက်ပြေးတိမ်းရှောင်နေကြ ရသော စစ်ဘေး ရှောင် ဒုက္ခသည်ဦးရေ (၅၀၀၀) ခန့် ရှိပြီ ဖြစ်ပါသည်။