စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့အား KNLA မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီမှ ၃ ဦးသေ၊ စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၊ ဒေသခံကျွဲ ၄ ကောင်သေဆုံး

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁၊ သထုံခရိုင်

ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက် ခံ စကခ (၈) နှင့် BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA ကရင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (KNLA) မှမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီမှ ၃ ဦးသေဆုံးခဲ့သည်။ မနေ့က ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်ကျေးရွာ BGF စခန်းနှင့် စကခ (၈) ပိန္နဲတော စခန်းအကြား လှုပ်ရှားနေသော အာဏာသိမ်းစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနမှပြောသည်။

 

KNLA ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပဲ အာဏာသိမ်း စစ်ကောင်စီ စကခ (၈) ပိန္နဲတောစခန်းမှ နံနက် နာရီခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အီဟယ်ရွာလေးကျေးရွာတွင် နေထိုင်သူ စောဒါးဟဲ၏ ကျွဲ (၄) ကောင် လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ မနေ့ညက အာဏာသိမ်းစစ်ကောင်စီ တပ်များနှင့် KNLA တပ်များ အကြား အပြန်အလှန် ပစ်ခတ်သံများကို ည (၁၁) နာရီခန့်တွင် စတင်ကြားနေရပြီး နံနက် (၇) နာရီမှသာ ပစ်ခတ်သံများရပ်စဲသွားကြောင်း အမည်မ ဖော်လိုသူ ဒေသခံတစ်ဦးမှပြောသည်။