စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ နှင့် အာဏာသိမ်းစစ်ကောင်စီ တို့အကြား (၆)လ အတွင်း ဖြစ်ပွားသော တိုက်ပွဲသတင်း

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်
ကေအဲန်ယူ-ဗဟို

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မှ စတင်၍ စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄) နယ်မြေများအတွင်း စစ်ကောင်စီတပ်များ ၏ စစ်ရေးလှုပ်ရှားမှု များကို တိုးမြှင့် လုပ်ဆောင်လာကြသဖြင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး ကို တာဝန်ယူ ပေးနေသော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်များနှင့် မကြာခဏ တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ (၆)လအတွင်း အထပ်ပါ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်းများ နှင့် တိုက်ပွဲစုစုပေါင်း (၃၃၄)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ (၂၁၄) ဦး သေဆုံးပြီး (၂၄၉) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဘက်မှ (၁) ဦး သေဆုံး ပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နယ်မြေအတွင်း စစ်ကောင်စီ တပ်များ၏ လူအခွင့်အရေး ချိုးဖောက်မှုများ အနေဖြင့် ဒေသခံများ ၏ လုပ်ငန်းခွင်များထဲသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ပစ္စည်း ဥစ္စာများ ကို လုယူခြင်း၊ တိရိစ္ဆာန်များကို ပစ်သတ်ခြင်း များ ပြုလုပ်ခဲ့ကြပါသည်။ ဒေသခံများ ၏ လုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး ပစ်ခတ်မှု (၂၀၄) ချက် နှင့် တိုက်လေယာဉ်ပျံဖြင့် (၄)ချက် ပစ်ခတ် ခြင်းကြောင့် ရွာသား (၃) ဦး ဒဏ်ရာရရှိပြီး အိုးအိမ် အဆောက်အဦးများစွာ ပျက်စီးခဲ့ရပါသည်။ ၎င်းတို့ ပစ်ခတ်ခဲ့မှုကြောင့် ကျွဲ (၄) ကောင်၊ နွား (၄) ကောင်၊ ဆိတ် (၆) ကောင် သေဆုံးပြီး နွား (၃) ကောင်၊ ဆိတ် (၁) ကောင် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ စစ်ကောင်စီ တပ်များ ၏ မတရားယူဆောင်သွား သော ဒေသခံပြည်သူများ ဥစ္စာပစ္စည်းများ ၏ တန်ဖိုးသည် မြန်မာငွေ သိန်း (၁၅၀) ကျပ် ခန့် ရှိသည်ဟု သိရ ပါသည်။