စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း စစ်ကောင်စီ၊ (BGFတပ်ရင်း-၁၀၁၃) မှ တပ်ချိန်းရာ၌ အမျိုးသမီးများအပြင် အရွယ်မရောက်သေးသော ကလေးသူငယ်များကိုပါ ပေါ်တာဆွဲ၍ အဓမ္မခိုင်းစေခဲ့

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃၊ သထုံခရိုင်

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGFတပ်ရင်း-၁၀၁၃၊ တပ်ခွဲ(၂) တပ်စုမှူးဗိုလ်ကတုံး ဦးဆောင်သည့် အဖွဲ့သည် ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ အမျိုးသမီးများနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များ စုစုပေါင်း အယောက်(၃၀၀)ဦးအား စက်တင်ဘာလ(၂၀)ရက်နေ့ တပ်ချိန်းရာတွင် ပေါ်တာဆွဲ၍ စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းများအား သယ်ယူရာတွင် အတင်းအဓမ္မ ခိုင်းစေခဲ့သည်။

ပေါ်တာဆွဲကာ အဓမ္မခိုင်းစေခြင်းခံခဲ့ရသောအမျိုးသမီးများနှင့် ကလေးသူငယ်များမှာ ကုန်းရွာကျေးရွာမှ(၃၅)ဦး၊ ပျဥ်းမပင်ဆိပ်ကျေးရွာမှ(၃၀)ဦး၊ ကြသောင်းဆိပ်ကျေးရွာမှ(၆၇)ဦး၊ ကြိုးဝိုင်းကျေးရွာမှ(၁၀၀) ဦးကျော်ဖြစ်ကာ အသက်မပြည့်သေးသော ၁၈နှစ်အောက် (၁၂) ဦး ပါဝင်ကြောင်း ကေအဲန်ယူ-ဘီးလင်းသတင်းနှင့်ပြန် ကြားရေးဌာနမှပြောသည်။ "အမျိုးသမီးနဲ့ ကလေးတွေကို အဓမ္မခိုင်းတာ၊ အကာအကွယ်ယူတာပေါ့၊ အမျိုးသမီး(၂)ဦးကြားမှာ သူတို့စစ်သား(၁)ဦး အဲ့လိုတစ်ယောက်စီခြားပြီး တန်းစီပြီးသွားခိုင်းတာ KNUက ပစ်ခတ်ချင်ရင်တောင် ရမ်းမပစ်ရဲတော့အောင် လူထုကိုဓါးစာခံလုပ်တာပဲ" ဟုဘီးလင်းမြို့နယ်အတွင်းမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် BGF-တပ်ဖွဲ့များ၏ အနိုင်ကျင့်ဖိနှိပ်မှုများ ကိုယခင်ကတည်းက ကာလကြာရှည်စွာ ခံစားခဲ့ရသည့် ကျေးရွာအတွင်းမှ အမျိုးသားများသည် စစ်ကောင်စီတပ်ဖွဲ့များ မိမိတို့ကျေးရွာအတွင်း ဝင်ရောက်မလာမီ ဘေးလွတ်ရာသို့ ဦးစွာရှောင်တိမ်းနေကြသဖြင့် ယခုကဲ့သို့ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အဓမ္မဖမ်းဆီးခိုင်းစေခြင်းဖြစ်ကြောင်း သထုံခရိုင် KNU တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

စက်တင်ဘာ လ(၁၄)ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃၊ တပ်ခွဲ(၂) ကြသောင်းဆိပ် စခန်း သို့ တပ်ချိန်းရန်နှင့်ရိက္ခာပို့ရန် မြစ်ကျိုးကျေးရွာမှ ထော်လာဂျီ (၅)စီး(ယာဥ်မောင်းအပါအဝင်)နှင့် ကျေးရွာ ခေါင်းဆောင်ရပ်မိရပ်ဖ (၆)ဦးကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားမှုများရှိခဲ့သေးသည်။