စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွား

၂၃ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက် နေ့များတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဖြစ်သော ခလရ - ၆၀ လက်အောက်ခံ တပ်များသည် ကေအဲန်ယူ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်သောကြောင့် ၂ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အာဏာသိမ်း စစ်ကောင်စီ၏တပ်ဖွဲ့အကြား တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ကရင်အမျိုးသားတပ်မတော်မှ လုံခြုံရေး ယူထားသောနေရာဖြစ်သည့် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ မြေနီကုန်း နှင့် ဘုရားလေးကုန်းနေရာများ၌ ခလရ - ၆၀ လက်အောက်ခံတပ်များ လာရောက်သောကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိပေ။ အာဏာသိမ်းစစ်ကောင်စီ၏တပ်ဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းကို အတည်ပြုဆဲဖြစ်သည်။ ယခုအချိန်တွင် ခလရ - ၆၀ ၏ တပ်များသသည် လော်မူသောကျေးရွာ၌ တပ်စွဲထာပြီး တည်ရှိနေကြောင်းသိရှိရပါသည်။

တိုက်ပွဲဖြစ်ပွားမှုအနီးရှိ လော်မူသောနှင့်လော်မူပယ်ကျေးရွာများမှ ပြည်သူလူထုများသည်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အင်းနက် နှင့် ဂမုံးအိုင် ကျေးရွာမှ ပြည်သူလူထုများသည် စစ်ကောင်စီ၏ တပ်များကို ကြောက်ရွံထိန့်လန့်လျက်နှင့် စိုရိမ်ပူပန်မှုများစွားဖြင့် ရှိနေခဲ့ရပါသည်။