စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီတပ်များနှင့် BGF တပ်များ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ပြုလုပ်

၂၄ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်၏တပ်များဖြစ်သော ခလရ -၂၆၄ နှင့် ခမရ - ၂၀ မှ တပ်သားများနှင့် ဒေသခံရဲများစုပေါင်း၍ လူအင်အား ၁၇ ယောက်တို့ သည် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်မှ ( အင်းကျိုက်၊ ထမင်းရုံ၊ အောဖလား နှင့် တံတားကျိုး ) စသည့်ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ၎င်းတို့တပ်ဖွဲ့ ခိုင်းစေရန်အတွက် ကျေးရွာအုပ်စုတစ်အုပ်စုတွင် လူငယ် ၃၀ ယောက်ပေးဆောင်ရန် ဆင့်တောင်းခဲ့ပါသည်။ လူငယ်ပေးဆောင်ခြင်းမရှိဘဲ ပျက်ကွက်ပါက ကျေးရွာသူ ကျေးရွာသားများကို နှောက်ယှက်မည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကေအဲန်ယူ - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်း၌ လှုပ်ရှားနေသော နယ်ခြားစောင့်တပ် BGF တပ်ရင်း - ( ၁၀၁၃ ) မှ တပရင်းမှုး စောစိုးနိုင် ၏တပည့် စောခေါ်ချီသည် လယ်ဒေးရွာသား စောကြိုင်ဦးကို ၎င်းတို့ နေထိုင်ရာ ဖောထီးခူ စခန်းအတွင်းသို့ အကြောင်းမဲ့ဖမ်းခေါ်ပြီး ၇ ချက် ရိုက်နှက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် မယ်ပရယ်တပ်စခန်းရှိ နယ်ခြားစောင့်တပ် BGF တပ်ရင်း - ၁၀၁၄ မှ တပ်ရင်းမှူး စောမောင်ချစ်၏ တပည့် ဖားမောင်နီသည် မယ်ပရယ်ဒို ကျေးရွာသားဖြစ်သော စောအေးဖေ နှင့် နော်မူ၏ ဦးလေး တို့နှစ်ယောက်ကို ထိုးကြိတ်ကန်ကျောက် ရိုက်နှိပ် ခဲ့ပါသည်။ ဖားမောင်နီသည် စောအေးဖေ၏ သားနှစ်ယောက်ကို ကေအဲန်ယူ၏ ထောက်လှမ်းဟု စွပ်စွဲပြီး ဖခင်ဖြစ်သူ စောအေးဖေကို ၂၆ ချက်ထိုး၍ စစ်ဘွတ်ဖိနပ်ဖြင့် ရင်ဘတ်ကို ၁၀ ချက်ထည့်မနည်း ကန်ခဲ့သည်သာမက နော်မူ၏ ဦးလေးဖြစ်သူကိုလည်း အချက် ၂၀ ထက်မနည်း ထိုးကြိတ် ခဲ့ပါသည်။ ဖားမောင်နီသည် ထိုသူနှစ်ဦးကို ထိုးကြိတ်ကန်ကျောက် ပြုလုပ်ပြီးသည်နှင့် မယ်ပရယ်တပ်စခန်းအတွင်းသို့ပြန်ပြီး မိုင်းများကို ယူဆောင်လာကာ စောအေးဖေ၏ အိမ်ခြေရင်း၌ ထောင်ထားသည့်အပြင် မယ်ပရယ်ဒို ကျေးရွာထဲ၌လည်း မိုင်းတစ်လုံး ဖောက်ခွဲခဲ့ပါသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း BGF တပ်ရင်း - ၁၀၁၄ မှ တပ်ရင်းမှူး စောမောင်ချစ်၏တပည့် စောသန်းမင်းဦးဆောင်သောအဖွဲ့သည် သူးခီးဒေသ၌ ပြည်သူလူထု၏ ပစ္စည်း ဥစ္စာများကို လိုက်လံခိုးယူမှုများပြုခဲ့ကြပါသည်။ စောသန်းမင်း နှင့် သူ၏လူများသည် နိုထာကျေးရွာမှ နော်ဒါး၏ ကြက် ၁၀ ကောင်ကို ဖမ်းယူပြီး ဖောထီးခူ ဘက်သို့ ပြန်ဆင်းကာ နော်ကပေါ်ရှီး၏ ဥယျာဉ်ခြံထဲသို့ ဝင်ပြီး နော်ကပေါ် ရှီး၏ ကြက်နှစ်ကောင်ကိုလဲ ထပ်မံ ဖမ်းယူခဲ့ပါသည်။

စောသန်းမင်သည် ထိုသို့ ပြည်သူလူထု၏ ကြက်များကို ဖမ်းယူစဥ်အချိန်၌ မိမိကိုယ်ကိုမိမိ ကေအဲန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဖြစ်သည်ဟုလည်း လိမ်လည် ပြောဆိုခဲ့ပါသည်။

နယ်ခြားစောင့်တပ် BGF နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များတည်ရှိသော နေရာဒေသများမှ ပြည်သူလူထုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ကြောက်ရွံ့ ထိတ်လန့် အောင် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကို ခံခဲ့ကြရပြီး စိုးရိမ်ကြောက်ရွံ့မှုများနှင့်ရှိခဲ့ကြရပါသည်