စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ နှင့် တပ်မဟာ ၃ တိုက်ပွဲသတင်း

၂၅ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ ( ဗဟို )

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၄း၀၅ မိနစ်ခန့်အချိန်တွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ ၁ ၏ ဒေသခံတပ်ဖွဲ့များသည် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် သိမ်ဇရပ်ကားလမ်းမပေါ်၌ ထိတွေ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ ထိုပစ်ခတ်မှုတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ ၂၅ ယောက်သေဆုံးပြီး ၅ ယောက် ပြင်းထန်စွာဒဏ်ရာရရှိသည့်အပြင် ကားတစ်စီးလည်း ပျက်စီးခဲ့ပါသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ပေ။ အဆိုပါ ပစ်ခတ်တိုက်မှုအပြီးတွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ စစ်ကူစစ်ထောက် လိုက်လာသောအဖွဲ့များသည် ၎င်းတို့အချင်းချင်း မှားယွင်းပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကြပါသည်။ ထို စစ်ကောင်စီ၏တပ်များအချင်းချင်း မှားယွင်းပစ်ခတ်မှုတွင် ပြည်သူလူထု ၃ ဦးကို ထိမှန်ခဲ့သည့်အပြင် ပြည်သူလူထု၏ ကား တစ်စီးကိုလည်း ထိမှန်ပျက်စီးခဲ့ပါသည်။

ထို့ပြင် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ ၃ တွင်လည်း ယခုလ ၂၂ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ၃ ရက်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အာဏာသိမ်းစစ်ကောင်၏တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ကေအဲန်ယူ - ကရင်အမျိုးသားတပ်မတော် တပ်မဟာ ၃ တပ်ဖွဲ့များ နေထိုင်ရာ မြေနီကုန်း နှင့် ဘုရားလေးကုန်း စသည့်နေရာများကို သိမ်းယူရန်အစီအစဥ်ဖြင့် တက်လာခဲ့ကြသောကြောင့် ကေအဲန်ယူ - တပ်မဟာ ၃ ၏ တပ်ဖွဲ့များနှင့် ထိတွေ့ပြီး ပစ်ခတ်မှုဖြစ်ခဲ့ရခြင်းဖြစ်သည်။

ပစ်ခတ်မှုတွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသောကြောင့် စစ်ကောင်စီ၏တပ်များသည် ၂၄ / ၉ / ၂၀၂၁ ရက်နေ့တွင် တပ် တစ်ဝက် ပြန်ဆုတ်ခွာခဲ့ပြီး ၂၅ / ၉ / ၂၀၂၁ ရက်နေ့တွင် တပ်အားလုံး ပြန်လည်ဆုတ်ခွာခဲ့ကြပါသည်။ ထိုသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ ပြန်လည်ဆုတ်ခွာသွားသောအခါ ကေအဲန်ယူ - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ - ၃ တပ်ရင်း ၉ မှ တပ်ဖွဲ့များ သွားရောက်နေရာရှင်းလင်းရာတွင် စစ်ကောင်စီတပ်၏အလောင်းများကို တွေ့ခဲ့ရပြီး ထိုအလောင်းများကို ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်မှ မြုပ်နှံပေးခဲ့ရပါသည်။

၃ ရက်အတွင်းတိုက်ပွဲဆိုက်တိုက်​ ဖြစ်သာကြောင့် လော်မူသော လော်မူပယ် ရွာသား ၆၆၇ ဦး ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ပြည်သူလူထုများသည် ယခုအချိန် ထိ တောထဲမှာသာ  ပုန်းအောင်း နေခဲ့ရပြီး မိုးရွာသွန်းမှုများသောကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။