စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကျိုက်ထို မြို့နယ်အတွင်း စကစ၏ နယ်မြေကျူးကျော်လှုပ်ရှားမှုများကြောင့် KNU နှင့်ပစ်ခတ်မှု များရှိလာကာ ပြည်သူပိုင်ပစ္စည်း များစွာပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူ (၁၅၈၀) ဦးအထိရှိလာ

 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၊ သထုံခရိုင်


ကေအဲန်ယူ-သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ (တပ်မ-၄၄) မှ နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားမှုများကြောင့် KNU နှင့် မကြာခဏပစ်ခတ်မှုများရှိလာပြီး ဒေသခံ စစ်ဘေးရှောင်ပြည်သူ (၁၅၈၀) ဦးအထိရှိလာပြီဟု KNU-ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြား ရေးဌာနမှ သတင်းပေးပို့သည်။ စက်တင်ဘာလ (၁၇)၊ နံနက် (၁၀) နာရီတွင် ကျောက်ဖျာကျေးနယ်၊ မဲရုံးကြီးကျေးရွာအနီး ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAနှင့် အာဏာသိမ်း စစ်ကောင်စီ (တပ်မ-၄၄) တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီမှ (၃) ဦးသေ၊ (၆) ဦးဒဏ်ရာရရှိခဲ့သည်။

 

ထိုတိုက်ပွဲကြောင့် ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးနယ်အုပ်စု၊ မဲရုံးကြီးကျေးရွာအတွင်း ပြည်သူ ပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ကာလတန်ဖိုး (၅၉) သိန်းကျပ်ခန့်ရှိသည်ဟုသိရသည်။ ပျက်စီးဆုံးရှုံးမှုများမှာ မဲရုံးကြီးကျေးရွာနေ ကိုပဲလုံး၊ မနွယ်ဦး ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများနှင့် ဆိုင်ကယ် (NCX-wave) တစ်စီး စုစုပေါင်းတန်ဖိုး (၃၃) သိန်းကျပ်၊ ကိုစန်းဦး၊ မဟေမာဈေးဆိုင်မှ စားသောက် ကုန်ပစ္စည်းများ စုစုပေါင်းတန်ဖိုး (၂၀) သိန်းခန့်၊ ဦးစောလွင်၊ ဒေါ်ခင်ဝင်း ကုန်စုံဆိုင်မှ ပစ္စည်းစုစု ပေါင်းတန်ဖိုးငွေ (၅) သိန်းကျပ်နှင့်ကိုဇော်ဟိန်း၏ ဆိတ်တစ်ကောင် တန်ဖိုး (၁) သိန်းကျပ်ရှိပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး (၅၉) သိန်းခန့်ရှိကာ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်သူ ဒေသခံ (၁၅၈၀) ဦးရှိကြောင်း ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနမှသတင်းပေးပို့သည်။

 

စစ်ဘေးရှောင်ပြည်သူများမှာ ကျောက်ဖျာကျေးနယ်၊ မဲရုံးကြီးကျေးရွာ အိမ်ထောင်စု (၂၀၀) စုမှ လူဦးရေ (၁၃၀၀) ဦး၊ ပျဥ်းကတိုးကုန်းကျေးနယ်အုပ်စု၊ မဲရုံးကြီး တိုးချဲ့ကွက်သစ်၊ ဂူးကူအုပ်စု အိမ်ထောင်စု (၃၁) စုမှ လူဦးရေ (၁၂၀) ဦး၊ မဲရုံးကြီးလက်အောက်ခံ တိုးချဲ့ကွက်သစ်၊ ရွှေခဲရုံးရွာရှိ အိမ်ထောင်စု (၃၃) စုမှ လူဦးရေ (၁၆၀) ဦးဖြစ်ပြီး ကျေးရွာအားလုံးမှ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း (၁၅၈၀) ဦးရှိသည်။

 

စက်တင်ဘာလ (၁၈) ရက်နေ့ ညနေ နာရီခန့်က ကေအဲန်ယူ-သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း စက်တင်ဘာလ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLAနှင့် အာဏာသိမ်းစစ်ကောင်စီ တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ဦးဒဏ်ရာရှိကာ KNLA ဖက်မှ ထိခိုက်မှု မရှိဟုသိရသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် နေထိုင်သူ ဦးဖိုးခိုင် နှင့် ဒေါ်မြင့်မြင့်ဝင်း တို့ (၂) ဦးသည် ကျောက်ဖျာဘောလုံးကွင်းအနီး သစ်စက်မှ ဆိုင်ကယ် (Taxi) ဖြင့် ပြန်လာစဥ် စကစမှ ထောင် (တပ်ဆင်) ထားသော နင်းမိုင်းကို နင်းမိ၍ ဦးဖိုးခိုင်မှာ ခြေထောက်နှစ်ဖက် ပြတ်သွားပြီး ဒေါ်မြင့်မြင့်ဝင်းနှင့်ဆိုင်ကယ်( Taxi) မောင်းသူ ကိုစိန်ကုလား တို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။ ထို့အ ပြင်စက်တင်ဘာလ ၂၁ ရက်နေ့က မဲရုံးကြီးကျေးရွာတွင် နေထိုင်သူ စောကမ္ဘာရှားသည် ဆိုင်ကယ်ဖြင့် အလုပ်မှပြန်လာစဥ် ရွာအနီး အာဏာ သိမ်းစစ်ကောင်စီ မှထောင်ထားသော နင်းမိုင်း ကိုနင်းမိ၍ ဒဏ်ရာကြီးကြီးမားမား မရခဲ့သော်လည်း ဆိုင်ကယ်မှာပျက်စီးသွားခဲ့သည်။

 

ထို့နောက် စက်တင်ဘာလ ၂၂၊ ညနေ နာရီတွင် အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ တပ်ဖွဲ့အား ခဝါချောင်းတံတားအနီး၌ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA မှ မိုင်းဆွဲ တိုက်ခိုက်သဖြင့် စစ်ကောင်စီဖက်မှ (၂၅) ဦးသေကာ (၁၀) ဦးဒဏ်ရာရရှိခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ပြီး ချိန်၌ အာဏာသိမ်းစစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၂) ဦးသေဆုံးခဲ့ရပြီး (၁) ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြား ရေး ဌာန တာဝန်ရှိသူ တစ်ဦးမှပြောသည်။