စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီမှကျေးရွာအတွင်းသို့လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်ဒေသခံများထွက်ပြေးတိမ်း ရှောင်နေရ

စက်တင်ဘာလ (၂၇) ရက်၊ ၂၀၂၁ ခုနှစ် KNU-ဗဟို

စက်တင်ဘာလ (၂၆) ရက်နေ့ ညနေအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲများများမှ ကေအဲန်ယူ-ညောင် လေးပင်ခရိုင်,မုန်းမြို့နယ်,ကြောင်ပြာကျေးရွာ  အရှေ့ဘက်ခြမ်း နေရာ၌ လက်နက် ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။

ယင်ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီမှ ခမရ (၅၉၉), ခမရ (၅၉၀) နှင့် ခမရ (၃၄၉) ပူးပေါင်းကာ အင်အား (၂၀၀) ကျော်ခန့်တို့သည် ကေအဲန်ယူ-မုန်းမြို့နယ်, ကြောင်ပြာကျေးရွာ အရှေ့ ဘက်ရှိ နတ်တင် နေရာ တွင် လက်နက်ကြီးဖြင့် (၃) ချက်နှင့် အတူလက်နက်ငယ်များဖြင့်လည်းပစ်ခတ်ခဲ့သည်။

အဆိုပါပစ်ခတ်မှုအနီးအနားရှိကျေးရွာမှဒေသခံပြည်သူများ ကြောက်လန့်ကာ မနေရဲတော့သည့်အတွက်ဘေး လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့်သူများမှာ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာ နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သည့် ဒေသခံများဖြစ်ပြီး လက်ရှိအချိန်တွင် အိမ်ခြေပေါင်း(၂၀)ကျော်နှင့် လူ ဦးရေ(၈၀)ဦးခန့်တို့သည် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေကြရသည်။

အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့်အနီးအနားရှိ ကျေးရွာအ ချို့တွင် ကျောင်းများပိတ်ထားရလျှက်ရှိပြီး တစ်ဖက်တွင်လည်း Covid-19 ကပ်ရောဂါ ဖြစ်ပွားမှုများကို ပိုမို ပျံနှံစေမည် မည်ဖြစ်ကာ ဒေသခံပြည်သူများတို့ လူမှုဘဝလုံခြုံမှုကို ဆိုးဝါးစွာခြိမ်းခြောက်နေလျှက်ရှိသည်။