စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသောအုပ်ချုပ်ရေးမှူးများသည် ဒေသခံပြည်သူ တို့အပေါ်ခြိမ်းခြောက် အကြပ်ကိုင်မှုများ ရှိလာ

စက်တင်ဘာလ (၂၇ )ရက်၊ ၂၀၂၁ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်အတွင်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိကျေးရွာအချို့တို့တွင် အာဏာ သိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများမှ ဒေသခံပြည်သူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်မှု များတစ်နေ့တစ်ခြားပိုပိုများလာကြောင်းသိရသည်။

စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကေအဲ်နယူ-ကျောက်ကြီးမြို့နယ်ရှိပဒဲကောအုပ်စုတွင် အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသော ပဒဲကောကျေးရွာအုပ်ချုပ်ရေး မှူးစိုးမြင့်ဦးမှတုံးတံတားကျေးရွာသို့ သွားရောက် ကာ ကျေးရွာသူကျေးရွာသားများကို အစည်းအဝေးခေါ်ယူခဲ့သည်။  

အဆိုပါ အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီခန့်အပ်သော အုပ်ချုပ်ရေးမှူးစိုးမြင့်ဦးက ကျေးရွာသူ ကျေးရွာသားများကို  "ဧည့်စာရင်းတိုင်ရန် နှင့် အိမ်ထောင်စုစာရင်းများပြုလုပ်ရန်ပြောခဲ့သည်။ "ဧည့်စာရင်း တိုင်ရန် နှင့် အိမ်ထောင်စုစာရင်းများမလုပ်ရင် အရေးယူပြီး  ဖမ်းမယ်"ဟုအမည်မဖေါ်လိုသူဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်။

ထို့နည်းတူ စက်တင်ဘာလ (၂၅) ရက်နေ့တွင်လည်း ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၊ ဝဲကြီးကျေးရွာ အုပ်စု၊ အာဏာသိမ်းစစ်ကောင်စီမှခန့်အပ်သော ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး စောရေဝါးက "အောက်ဆီဂျင် အတွက် တစ်အိမ်ကို (၁၀၀၀) ပေးလှူရမယ်"ဟု ပြောသည်။

အဆိုပါတောင်းခံမှုအပေါ် "အလှူငွေမထည့်ရင် ကျန်းမာရေး အခက်အခဲရှိလို့ တောင်ငူ၊ညောင်လေးပင် အဲလိုမြို့တွေမှာ ဆေးသွားကုရင် ထောက်ခံချက်လုပ်မပေးဘူးတဲ့။ တချို့ဒေသခံတွေက သွားလာရေးအတွက် အခက်အခဲရှိလို့ ပေးရတယ်။ သူတို့က ထောက်ခံစာနဲ့ အကြပ်ကိုင်တယ်။" လို့ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့ နယ်,နှင့်မုန်းမြို့နယ်တို့တွင် မကြာခဏဆိုသလို ပစ်ခတ်မှုများဖြစ်လာအောင် ဖန်တီးနေလျှက်ရှိပြီး ဒေသခံပြည်သူ များသည် နေ့စဉ်ဆိုသလိုအကြောက်တရားများနှင့်ရင်ဆိုင်နေရလျှက်သည်။