စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
တစ်ရက်အတွင်း အကြမ်းဖက် စကစ (၅၀) ကျော် သေဆုံးထိခိုက်


၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၃) ရက်


ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာ၏ လစဉ်ရုံးမှတ်တမ်းအရ စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၁ ခုနှစ် တွင် အကြမ်းဖက် စစ်ကောင်စီ တပ် နှင့် KNLA၊ အမှတ် (၅) တပ်မဟာ တပ်ရင်း (၁၀၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ အကြား တစ်ရက်တည်းအတွင်း ရင်ဆိုင်တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားရာတွင် စကခ (၈) လက်အောက်ခံ ခမရ (၄၀၈) အာဏာလုအကြမ်းဖက်စစ်ကောင်စီဖက်မှ (၂၃) ဦးသေဆုံးကာ (၃၀) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အတည်ပြုသိရှိရသည်။ ယင်းထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးအဆင့် (၂) ဦး ပါဝင်ကြောင်း လစဉ်မှတ်တမ်းအရသိရသည်။


ဤကဲ့သို့နယ်မြေကျူးကျော် စစ်အင်အားဖြည့်တင်းနေသည့်အပေါ် ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာဖက်မှ ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးမှု မရရှိ စေရန်နှင့် မိမိနယ်မြေအား ခုခံထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အာဏာလုအကြမ်းဖက် စစ်ကောင်စီဖက်မှ ဝန်တိုမျက်မုန်းကျိုးကာ ယင်းတို့၏ တပ်အင်အားအများအပြား ဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။ အထက်ဖေါ်ပြပါ ရင်ဆိုင်တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားရာတွင် မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ စစ်သည် တော်များဖက်မှ တစ်ဦးတစ်ယောက်မျှ သေကျေကျဆုံးမှုမရှိကြောင်းလည်း ခရိုင်၊ တပ်မဟာ ၏ နေ့စဉ် မှတ်တမ်းစာရင်းအရ သိရသည်။