စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
KNLA နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီ (၁) ဦးသေ၊ (၁) ဦးဒဏ်ရာရ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈၊ သထုံခရိုင်

ကေအဲန်ယူ-သထုံခရိုင်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးနယ်အုပ်စု၊ ရွှေလူတောင်ခြေတွင် (KNLA) ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း၁နှင့် အာဏာသိမ်းစစ်ကောင်စီ စကခ(၈)လက်အောက်ခံ (ခမရ-၄၀၉) တို့ အောက်တိုဘာ (၆) ရက်နေ့ ညနေ နာရီ ၃၀ မိနစ်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

 ထိုပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဖက်မှ (၁) ဦးသေကာ (၁) ဦးဒဏ်ရာရရှိခဲ့ပြီး KNLA ဖက်မှ ထိခိုက်မှုမရှိကြောင်း ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲမှူးမှ ပြောသည်။

အောက်တိုဘာလ (၃) ရက်နေ့ကလည်း ကေအဲန်ယူ-ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာအနီး၌ အာဏာသိမ်းစစ်ကောင်စီ မောင်းနှင်လာသောကားအား KNLA ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ(၁)၊ တပ်ရင်း (၁) မှကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဉီးသေဆုံးပြီး ဉီးထိခိုက်ဒဏ်ရာရခဲ့သည်။