စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

အာဏာသိမ်းစစ်ကောင်စီနှင့် BGFပူးပေါင်းတပ်ဖွဲ့မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ရက်၊ သထုံခရိုင်

အာဏာသိမ်းစစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့မှ ကေအဲန်ယူ-ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီက ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

စစ်ကောင်စီနှင့် BGFတို့ ပစ်သတ်လိုက်သောသူမှာ ကေအဲန်ယူ-တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ ဝါကောကျေး ကျေးရွာမှ မီးပုံးကျေးရွာတွင် လာရောက်နေထိုင်သူ အသက် (၅၀)နှစ်ရှိ စောမောင်တင်လင်းဖြစ်သည်ဟု KNU-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှူးကပြောသည်။

အောက်တိုဘာလ (၇)ရက်နေ့ကလည်း စစ်ကောင်စီနှင့်BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူ-ဘားအံမြို့နယ်အတွင်း ရှိ ကျေးရွာ အချို့ကို ရွာသားများ၏ သဘောဆန္ဒမပါပဲ (၃)လသူကြီးစနစ်ဖြင့် အုပ်ချုပ်ရန် အဓမ္မညွှန်ကြားမှုများလည်းရှိခဲ့သည်။