စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
(၁၄) ရက် အတွင်းတိုက်ပွဲသတင်း


ကေအဲန်ယူ ဗဟို ၁၆/၁၀/၂၀၂၁
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့မှ စ ၍ ယနေ့အချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ စစ်ရေးလှုပ်ရှားမှု နယ်မြေ စိုးမိုး မှု များ ပိုမိုလုပ် ဆောင်လာ သော ကြောင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် အာဏာသိမ်း စစ်ကောင်စီ လှုပ်ရှား တပ်များကြား တိုက်ပွဲနေ့စဉ်ရက်ဆက်ဖြစ်ပွား လျှက်ရှိ နေသည်။

ကေအဲန်ယူ-ကရင်အမျိုးသား ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ(၁) နယ်မြေအတွင်း တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှစပြီး (၁၄) ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၉) ကြိ်မ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒု-ဗိုလ်အဆင့်ရှိသူတစ်ဦးအပါဝင်စုစုပေါင်း (၃၁)ဦးသေဆုံးပြီး (၂၅) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေအတွင်း တိုက်ပွဲပေါင်း (၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦးအပါဝင် စုစုပေါင်း (၃၀)ဦးသေဆုံးပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ အတွင်းတိုက်ပွဲပေါင်း (၆၂)ကြိမ် ဖြစ်ပွားခဲ့ပြီးအာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ဒုဗိုလ်အဆင့်ရှိသူ တစ်ဦး စုစုပေါင်း (၄၈) ဦးသေဆုံးပြီး (၅၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ အတွင်းတိုက်ပွဲပေါင်း (၆)ကြိမ် ဖြစ်ပွားခဲ့ပြီးအာဏာသိမ်းစစ်ကောင်စီတပ်မှ (၁၇)ဦး သေဆုံးကာ G1 အဆင့်ရှိသူတစ်ဦးအပါဝင် စုစု ပေါင်း(၃၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခရိုင်/တပ်မဟာ (၄)ခု ထိန်းချုပ်နယ်မြေအတွင်း တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ တိုက်ပွဲပေါင်း (၉၂)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ (၁၂၆) ဦးသေဆုံးကာ(၁၁၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) ဘက်မှ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။