စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ရက် (၂၀) အတွင်း ကေအဲန်ယူ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေရှိတိုက်ပွဲသတင်းစုစည်းမှု။

၂၀၂၁ ခုနှစ်၊အောက်တိုဘာလ (၂၃) ရက်နေ့၊ ကေအဲန်ယူ-ဗဟို

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ လူသောမြို့နယ်၊ဘူးသိုမြို့နယ် နှင့် ဒွယ်လိုးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် BGF တပ်ရင်း များ မှ စစ်ရေးလှုပ်ရှားမှုများ လူအခွင့် ရေးချိုးဖေါက်မှုများ နေစဉ်ပြုလုပ်နေပါသည်။ ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) လက်အောက်ခံတပ်ရင်းများနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ နယ်မြေလုံခြုံရေး နှင့် မိဘ ပြည်သူ အသက်အိုးအိမ် ကာကွယ်ရေးအတွက် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့ပါသည်။ တပ်မဟာ (၅) နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားတပ် (၂၇) တပ်ရင်း နှင့် BGF တပ်ရင်း (၂) ရှိပါသည်။

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၂၀) ရက်နေ့အတွင်း တိုက်ပွဲပေါင်း (၁၂၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဖက်မှ ဒု-ဗိုလ်မှူးကြီး (၁) ဦး၊ဗိုလ်ကြီး (၂) ဦးအပါဝင် စုစုပေါင်း (၅၈) ဦး သေဆုံးကာ (၆၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊မူတြော်ခရိုင် ထိမ်းချုပ်နယ်မြေ ဖြစ်သော ဘူးသို မြို့နယ် နှင့် ဒွယ်လိုးမြို့နယ်ရှိ ပြည်သူလူထုများနေထိုင်သော ကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ များမှ လက်နက်ကြီး အလုံးပေါင်း (၁၇၀) ကျော် ပစ်ချခဲ့ပြီး လက်နက်ငယ်အချက်ပေါင်း များစွာ ရမ်းသမ်း ပစ် ခတ်ခဲ့ပါသည်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည်။