စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများ


၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်၊ ကေအဲန်ယူဗဟို


အောက်တိုဘာလ (၂၁) ရက်နေ့က စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) စစ်ကြောင်း (၂) မှ ဗိုလ်မှူး ကျော်ထွန်းငြိမ်း ဦးဆောင်သော အဖွဲ့အင်အား (၂၂) ဦး နှင့် BGF-1013 ဗိုလ်ဝါသိုး ဦးဆောင်သောအဖွဲ့ အင်အား (၃၀) ဦးတို့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ (သထုံ) ခရိုင်၊ တပ်မဟာ (၁) ထိမ်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်အတွင်းသို့ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန်အတွက် တပေါ တပ်စခန်းမှာ စထွက်ချိန်မှာ ရွာသား (၅) ဦး အား လမ်းပြအနေဖြင့်လည်းကောင်း သူတို့အတွက် ဒိုင်းကာအဖြစ်လည်းကောင်းအသုံးပြုရန် အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပါသည်။

 

ကားမဲရွာရောက်သောအခါ ကားမဲရွာသူ နော်မိစန်းအေး၏ ကျွဲ (၁) ကောင်ပစ်သတ်ခဲ့သည်။ ထို့နောက် ရွာသားနှစ်ဦးဆီ ဖုန်းနှစ်လုံးအတင်း အဓမ္မ လုယူပြီး ရွာအတွင်းရှိစျေးဆိုင်မှ (၈၀၀၀၀) ဖိုးတန်းဖိုးရှိ ဖုန်းငွေဖြည့်ကတ်များကို အတင်းယူဆောင်သွားခဲ့သည့်အပြင် ရွာသား (၈) ဦးကို အတင်း အဓမ္မ ထပ်မံ ခေါ် ဆောင်သွားခဲ့ပါသည်။

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ (သထုံ) ခရိုင် တပ်မဟာ (၁) သထုံ မြို့နယ် အတွင်းတွင်လည်း စစ်ကောင်စီတပ် စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) မှ ဝေယံဦး ဦးဆောင်သည့် အဖွဲ့မှ မောကလိုး ရွာသူ နော်အယ်ဖေါ အိမ်ကိုအကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ပါသည်။

 

အာဏာသိမ်းစစ်ကောင်စီတပ်များ၏ စစ်ရေးလုပ်ရှားမှုနှင့် လူ့အခွင့်ရေးချိုးဖေါက်မှုများ ပြုလုပ်နေသော ကြောင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) လက်အောက်ခံတပ်များနှင့် ရက်ပေါင်း (၂၀) အတွင်း တိုက်ပွဲပေါင်း (၃၀) ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ (၄၅) ဦးသေဆုံးကာ (၂၈) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ KNLA တပ်မဟာ (၁) ဖက်က (၂) ဦးကျဆုံးသွား ခဲ့ပါသည်။