စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂၀၂၁ နံၣ်, လါအီးကထိဘၢၣ် တလါအကတီၢ်ပူၤ တၢ်ဒုးကဲထီၣ်ဝဲ လၢကညီဒီကလုၥ် တၢ်ထူၣ်ဖျဲးသုးမုၢ်ဒိၣ်, ကညီဒီကလုၥ်ဂၢၤသးကရၢ ဒီး သုးမီၤစိရိၤအသုး, သုးခိးကီၢ်ဆၢအသုး အဘၢၣ်စၢၤ

အောက်တိုဘာလအတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေ(၅)ခုအတွင်း တိုက်ပွဲစုစုပေါင်း(၂၇၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ(၂၇၁)ဦးသေဆုံးကာ၊(၂၆၆)ဦးထိခိုက်ဒါဏ်ရာရရှိ။
ကေအဲန်ယူ-ဗဟို ၅-၁၁-၂၀၂၁
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊သထုံခရိုင်၊တပ်မဟာ(၁)နယ်မြေတွင် တစ်လအတွင်း တိုက်ပွဲစုစုပေါင်း(၄၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ(၉၅)ဦး သေဆုံးကာ၊ (၈၀)ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တောင်ငူခရိုင်၊တပ်မဟာ(၂)နယ်မြေတွင် တစ်လအတွင်းတိုက်ပွဲ စုစုပေါင်း(၅)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ(၃၀)ဦး သေဆုံးကာ၊ (၉)ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ညောင်လေးပင်ခရိုင်၊တပ်မဟာ(၃)နယ်မြေတွင် တစ်လအတွင်း တိုက်ပွဲစုစုပေါင်း(၆)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၁၇)ဦး သေဆုံးကာ၊ (၃၀)ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊မူတြော်ခရိုင်၊တပ်မဟာ(၅)နယ်မြေတွင် တစ်လအတွင်းတိုက်ပွဲစုစုပေါင်း(၂၀၄)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၉၃)ဦး သေဆုံးကာ၊ (၉၆)ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ဒူးပလာယာခရိုင်၊တပ်မဟာ(၆)နယ်မြေတွင် တစ်လအတွင်း တိုက်ပွဲ စုစုပေါင်း(၁၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃၆)ဦး သေဆုံးကာ၊ (၅၁)ဦး ဒဏ်ရာရရှိခဲ့ပါသည်။
တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ (KNDO)နှင့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်(BGF)တပ်များ အကြား တိုက်ပွဲစုစုပေါင်း(၂၇၅)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဘက်မှ (၂၇၁)ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် တပ်ရင်းမှူး(၁)ဦး၊ တပ်ခွဲမှူး(၁)ဦး၊ ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၂)ဦး၊ ဗိုလ်(၂)ဦး ပါဝင်ခဲ့ပါသည်။ ဒဏ်ရာရသူ စုစုပေါင်း(၂၆၆)ဦး ရှိခဲ့ပြီး ဒု-တပ်ရင်းမှူး(၁)ဦး၊ ဒု-ဗိုလ်မှူးကြီး(၁)ဦး၊ တပ်ကြပ်ကြီး(၁)ဦး ပါဝင်ခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ (၂)ဦး ကျဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိခဲ့ ပါသည်။