စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ဗိုလ်မှူးကြီး စောဖိုးလှဝင်း (ပိုမီး)

ဗိုလ်မှူးကြီး စောဖိုးလှဝင်း (ပိုမီး) သည် ကရင့်တော်လှန်ရေးထဲသို့ ၁၉၈၄ ခုနှစ်တွင် မူတြော်ခရိုင် ဘူးသိုမြို့နယ် ပါဟိုက် ကျေးရွာအုပ်စု၌ စတင်ဝင်ရောက်ခဲ့ပြီး ကျေးရွာအုပ်စု နယ်မြေကာကွယ် ရေးအဖွဲ့၏ တာဝန်ခံတစ်ဦးအဖြစ် စတင်တာဝန်ပေးအပ်ခြင်းကိုခံခဲ့ရပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း - ၁ ၏ တပ်ရင်း တပ်ထောက်ဗိုလ်အဖြစ် ရာထူးတိုးမြင့်ခြင်းခံခဲ့ရပါသည်။ ၂၀၀၁ ခုနှစ်တွင် သံလွင်မြစ်ဝှမ်း ၌ ဗျူဟာမှူးအဖြစ်တာဝန်ပေးခြင်းခံရသည်အပြင် ထိုင်း - ကရင် နယ်စပ်ရေးရာ တာဝန်ခံတစ်ဦးအဖြစ်လည်း ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ၂၀၀၃ ခုနှစ်တွင် အိတုထာ ၌ ပြန်လည်အခြေချနေထိုင်သောအခါ လုံခြုံရေး တာဝန်ခံအဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ၂၀၁၃ ခုနှစ်ရောက်သောအခါ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO စစ်ဦးစီးချုပ်ရုံး (ဗဟို) ၏ စစ်ရေးချုပ် အဖြစ် ခန့်အပ်ခြင်းကိုခံခဲ့ရပါသည်။ ထို့နောက် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၏ ဒုတိယ စစ်ဦးချုပ်အဖြစ်ခန့်အပ်ခြင်းခံရသည့်အပြင် ၂၀၂၁ ခုနှစ်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၏ ယာယီ စစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းကိုလည်းခံခဲ့ရပါသည်။ ဗိုလ်မှူးကြီး စောဖိုးလှဝင်း (ပိုမီး) သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကရင့်တော်လှန်ရေး အပေါ် တာဝန်ကျေပွန်ခဲ့ပါသည်။ သူကွယ်လွန်သွားခြင်းသည် မိသားစု နှင့် ကရင့်တော်လှန်ရေး အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်ပါသည်။ မိသားစု နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး မှ လည်း အထူးပင် ၀မျးနညျးကွကှေဲ ရပါသည်။