စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ဗိုလ်မှူးချုပ် စောမဲအေစိန်

ဗိုလ်မှူးချုပ် စောမဲအေစိန် သည် ကရင့်တော်လှန်ထဲသို့ တပ်သားတစ်ယောက်အနေဖြင့် စတင်အမှုထမ်းဆောင်ပြီး ကရင့်တော်လှန်ရေးမှ ပေးအပ်သော တာဝန်များကို ငြိုငြင်ခြင်းမရှိသည့်အပြင် အခက်အခဲ အကျပ်အတည်း အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း တော်လှန်ရေးကို ကျောခိုင်း စွန့်လွတ်ခြင်းမရှိဘဲ နောက်ဆုံးထွက်သက်အထိ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။
ဗိုလ်မှူးချုပ် စောမဲအေစိန်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ရုံးမှ စတင်၍ အမှုထမ်းဆောင် ခဲ့ပြီး ဗိုလ်ကျော်မြသန်း၏ Personal Assistant အဖြစ်တာဝန်ပေးခြင်းကိုခံရပါသည်။ တစ်ချိန်တည်းမှာပင် စစ်ရေးချုပ်ရုံး၏ Staff Captain အဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။
၁၉၆၃ ခုနှစ်တွင် ကေအဲန်ယူ - တပ်မဟာ ၂ ဘက်သို့ ပြောင်းရွေ့တာဝန်ဆောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ဗိုလ်အဖြစ်လည်းကောင်း ၁၉၇၇ ခုနှစ်တွင် တပ်မဟာ - ၂ ဗျူဟာမှူး အဖြစ်သို့လည်းကောင်း ၁၉၉၂ ခုနှစ်တွင် တပ်မဟာ - ၂ တပ်မဟာမှူးအဖြစ်သို့လည်းကောင်း အဆင့်ဆင့်တာဝန်းပေးအပ်ခြင်းခံခဲ့ရသော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပါသည်။
ထို့နောက် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ရုံး (ဗဟို) ၌ စစ်ဦးစီးအရာရှိ ပထမတန်း G - 1 အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့်အပြင် UNFC DAB စစ်ကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။
ဗိုလ်မှူးချုပ် စောမဲအေစိန်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင် သူ၏ မိသားစု နှင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကို ထားခဲ့၍ ခရစ်တော်၌ အိပ်ပျော် သွားခဲ့ပါသည်။