စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း စစ်ကောင်စီ၏ တပ်များမှ ကျေးရွာထဲလက်နက်ကြီးချသောကြောင့် ရွာသား ၃ ဦးကို ထိခိုက်ပြီး ရွာသူရွာသားများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ

၂၄ ဒီဇင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်အတွင်း၌ ၁၉၇၄ ခုနှစ် (မဆလ) အစိုးရ အုပ်ချုပ်ချိန်တွင် မြန်မာစစ်တပ်မှ တောင်ပေါ်ဒေသရှိကျေးရွာများဖြစ်သော ၊ ပေါ်ဖေါခီး ၊ ထီးပနာအေခီး၊ စေးဘောလူ နှင့် ခယ်ကါခို ကျေးရွာများကို သေနွယ်ထာ (ခေါ် ) မူသယ်သို့ အတင်းအဓမ္မ ပြောင်းရွေ့နေထိုင်ခိုင်းခဲ့ကြပါသည်။

ထိုသို့ ( မဆလ ) အစိုးရလက်ထက်တွင် မြန်မာတပ်မတော်မှ အတင်းအဓမ္မ ပြောင်းရွေ့နေထိုင်ခိုင်းသော ကျေးရွာများသည် အိမ်ခြေ (၈၇) လုံး ရှိပြီး လူဦးရေ ( ၅၅၈ ) ဦး ရှိခဲ့ပါသည်။ ယခုအချိန်တွင် ခိုသေစိုး တပ်စခန်း ( ခေါ် ) မူသယ် တပ်စခန်း၌လာရောက်နေထိုင်သော အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များဖြစ်သည့် တပ်ရင်းမှူး ဇော်ဇော်နိုင် ဦးစီးသော ခလရ - ၇၅ နှင့် တပ်ရင်းမှူး လှိုင်ညို ဦးစီးသော ခမရ - ၅၉၈ တို့သည် ၇/၁၂/၂၀၂၁ ရက်နေ့ ညနေ ၁၉း၀၄ မိနစ် အချိန်တွင် မူသယ်ကားလမ်းမ၌ ၎င်းတို့၏လမ်းလုံခြုံရေးယူသောအဖွဲ့ နှင့် ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော်တို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များသည် သေနွယ်ထာ ( ခေါ် ) မူသယ်ကျေးရွာထဲသို့ လက်နက်ကြီး / လက်နက်ငယ် များပစ်ချသောကြောင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။


 ထို့အပြင် ၁၈/၁၂/၂၀၂၁ ရက်နေ့ ညနေ ၁၉း၅၀ မိနစ်အချိန်တွင် ထိုအာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့တို့သည် သေနွယ်ထာ (ခေါ် ) မူသယ်ကျေးရွာထဲသို့ လက်နက်ကြီး / လက်နက်ငယ် များ ထပ်မံ ပစ်ချသဖြင့် ရွာသူရွာသားများ ထိတ်လန့် ကြောက်ရွံ့ ခဲ့ရပြီး အသက်လုံခြုံရေးအတွက် စိုးရိမ်ခဲ့ရပါသည်။

ထို့ကြောင့် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ခယ်ကါခိုဒေသအတွင်းရှိ ပြည်သူလူထုများသည် မိမိတို့၏ အသက်လုံခြုံရေးအတွက် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင် နေထိုင်ခဲ့ကြရပါသည်။