စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
Burmese junta launches air strikes in Lay Kay Kaw area

၂၄ ဒီဇင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၃ )ရက်နေ့ ည (၁၀)နာရီ (၁၀)မိနစ် အချိန်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဗုံးကြဲလေယဉ်ပျံဖြင့်လေးကေကော်ဒေသကို ဗုံး (၂ )လုံးလာကြဲသွားခဲ့ပါသည်။ ထို့ပြင် အာဏာသိမ်း စစ်ကောင်စီဖက်မှလက်နက်ကြီးအချက်ပေါင်းများစွာဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သော လူသတ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင်အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ဦးစီးလျက်အရေးပေါ်အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု့ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် ဒီဇင်ဘာလ(၂၀)ရက်နေ့ကတည်းက ကေအဲန်ယူ-ဗဟိုက မှ ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုခဲ့ပါသည်။

ထိုသို့ထုတ်ပြန်ချက်ထုတ်ပြန်တောင်းဆိုနေသည့်ကြားမှာပင် အာဏာသိမ်းစစ်ကောင်စီသည် လေကြောင်းမှလာရောက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကေအဲန်ယူထုတ်ပြန်ချက်၏ အချက်(၅)အပိုဒ်(ခ)တွင်ပါဝင်သော လေးကေကော်ဒေသအား လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များအား လစ်လျူမရှုပဲ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါရန် ထပ်မံတောင်းဆိုအပ်ပါသည်။