စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
KNU-ဘီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ အသက် (၆၀) နှစ်အရွယ် ဒေသခံအဖွားအို (၁)ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃၊ သထုံခရိုင်
ဒီဇင်ဘာ ၂၁ရက် နံနက် ၁၀ နါရီတွင် တပ်မ (၂၂) လက်အောက်ခံ ခလရ (၁၀၁) တပ်ရင်းမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ နိုဘယ်ဘော ကျေးနယ်အုပ်စု၊ လေးခေါ့ထေ ကျေးရွာနှင့်ထော်ကလော်ခီး ကျေးရွာကြားရှိ ယာခိကလိုး တွင်အသက် (၆၀) နှစ် အရွယ်ရှိ ထော်ကလော်ခီး ကျေးရွာသူ (နော်ခီး) အား ဦးခေါင်းကိုသေနတ်ဖြင့် တေ့၍ပစ်သတ်ခဲ့သည်။


ထိုအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့၌ ကတိုင်တီ ကျေးရွာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ် နှင့် အာဏာသိမ်းစစ်ကောင်စီ ပူးပေါင်းစခန်းမှ အင်အား (၆၀) ဖြင့် ထော်ကလော်ခီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာပြီး အဘွားအို (နော်ခီး) အားပစ်သတ်ခဲ့ခြင်းဖြစ်သည်။


ထိုမှတစ်ဆင့် အဆိုပါ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်တွင် ကြသောင်းဆိပ် ဘုန်းတော်ကြီးကျောင်း၌ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအတွင်းရှိ လမ်းဆုံနှင့်တံတားများတွင် ကင်းပုန်းများချထားကြောင်းသိရသည်။