စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း၌ စစ်ဘေး ရှောင် (၂၀၀၀) ဦးခန့်ရှိလာနေ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅. သထုံခရိုင်။
အာဏာသိမ်းစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသဖြင့်  KNLA တပ်ဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်သည့်အတွက် ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ  ကြသောင်းဆိပ်ကျေးရွာ (အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ ထော်ကလော်ထာ့ကျေးရွာ၊ ထီးဖာဒို့ခီး ကျေးရွာ၊ ကုန်းရွာ၊ လေးခေါ့ထေကျေးရွာတို့မှ ဒေသခံ (၂၀၀၀) ဦးခန့် နေအိမ်များကိုစွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
"စစ်ကောင်စီဖက်က အင်အားတိုးချဲ့လှုပ်ရှားလာတယ်  KNLAနဲ့ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ကျနော်တို့ ပြေးနေကြတယ်၊ တစ်ချို့လည်း အနီးအနားရွာတွေမှာ သွားရှောင်နေကြ တာပေါ့" ဟု ဒေသခံ တစ်ဦးကပြောသည်။
ဒီဇင်ဘာလ (၁၇)ရက်နေ့က ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ ကြသောင်းဆိပ်-BGF စခန်းအား KNLA တပ်မဟာ(၁)နှင့် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး နောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီနှင့်BGF ပူးပေါင်းတပ်ဖွဲ့များမှ ဘီးလင်းမြို့နယ် အတွင်းရှိ ဝင်းတာပန် BGF စခန်း၊ လေးကေ BGF စခန်းများသို့ စစ်အင်အားတိုးချဲ့ကာ တပ်လှုပ်ရှားမှု များပြုလုပ်လာခြင်းဖြစ်သည်။