စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
Fighting between KNLA/KNDO and Tamadaw during December 2021 (Karen Version)

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေ၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း တိုက်ပွဲသတင်း
၅ ဇန်နဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် ၎င်း၏လက်အောက်ခံတပ်များသည် စစ်ရေးလှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဥ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိ နေပါ သည်။ ဤသို့ အာဏာသိမ်း စစ်ကောင်စီ၏တပ်များမှ ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်းသို့ လှုပ်ရှားမှုများပြုလုပ်နေသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာ သိမ်း စစ်ကောင်စီ၏တပ်တို့အကြား ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွား လျက်ရှိခဲ့ပါသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တစ်လတာအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် KNLA၊ ကရင်အမျိုးသား ကာကွယ် ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်တို့အကြား ပစ်ခတ်တိုက် ခိုက်မှုပေါင်း (၃၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်ဘက်မှ တပ်ရင်းမှူး (၁) ဦး၊ ဒုတပ်ရင်းမှူး (၁) ဦး၊ တပ်ခွဲမှူး (၁၁) ဦး၊ ဒုတပ်ခွဲမှူး (၁) ဦး၊ ဆေးမှူး (၁) ဦး ၊ ဗိုလ် (၁) ဦး၊ ဗိုလ်အဆင့်ရှိသူ (၃) ဦး နှင့် တပ်ကြပ်ကြီး (၁)ဦး အပါအဝင် ( ၂၆၇ ) ဦး သေဆုံးကာ တပ်ရင်းမှူး (၂) ဦး နှင့် တပ်ခွဲမှူး (၁) ဦး အပါအဝင် ( ၁၈၄ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်မှာမူ တိုင်းပြည် နှင့် လူမျိုးအတွက် (၈) ဦး အသက်စွန့်ခဲ့ရပြီး (၁၇) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်း ပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့သောနေရာများမှာ တပ်မဟာ - ၅ ( မူတြော်ခရိုင် )၊ တပ်မဟာ - ၁ ( ဒူးသထူခရိုင် )၊ တပ်မဟာ - ၃ (ညောင်လေးပင်ခရိုင်) နှင့် တပ်မဟာ - ၆ ( ဒူးပလာ ယာခရိုင်) စသည်တို့ဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO နှင့် ပစ်ခတ်မှုဖြစ်ပွားတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်များသည် လက်နက်ကြီး/ လက်နက်ငယ် များကို အမြောက်အများရမ်းသန်းပစ်ခတ် လျက်ရှိ သောကြောင့် ပြည်သူလူထုများ၏ နေအိမ် နှင့် အိမ်မွေး တိရစ္ဆာန်များကို ထိခိုက်ပျက်စီး သေဆုံးမှုများရှိခဲ့ပါသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ တပ်များ လက်နက်ကြီး နှင့် လက်နက်ငယ် များ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူလူထု (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်များ လက်နက်ကြီး / လက်နက်ငယ်များရမ်းသန်းပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု တို့ကြောင့် ပြည်သူလူထုပေါင်း ( ၅၀၀၀၀ ) ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။