စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မြန်မာတပ်မတော်စစ်သားနှစ်ဦးမှ အပြစ်မရှိဒေသခံပိုလိုးထာရွာသူကို အကြမ်းဖက်နည်းဖြင့် ပစ်သတ်ခဲ့မှုအပေါ် ဒေသခံရွာများမှ ရွာသူရွာသားများဆန္ဒထုတ်ဖေါ်

ဇူလိုင် ၂၂၊ ၂၀၂၀ရက်၊ မနက် ၇:၀၀ မှ ၁၁:၀၀နာရီအထိတွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ မလေးလုံ၊ ဝေါမူ၊ မဲဝေနှင့်ခူသူထာကျေးရွာအုပ်စုများရှိ ကရင်လူထုများသည် မြန်မာ့တပ်မတော်၏ တပ်စခန်း ၄ခုတွင် သွားရောက်ဆန္ဒထုတ်ဖေါ်တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါသည်။

ဒေသခံလူထုများ၏ ဆန္ဒထုတ်ဖေါ်မှုတွင် ဖာဖွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ မြန်မာ တပ်စခန်း ၄ခု ဖြစ်သော မယ်ဝေတပ်စခန်း၊ ကေးကိုတပ်စခန်း၊ ဝေါ်မူတပ်စခန်းနှင့် ခူသူထာတပ်စခန်းများ ကို ပြန်လည်ရုတ်သိမ်းဖို့ရန်ဖြစ်သည်။

ဒေသခံကရင်လူထုများ ဆန္ဒထုတ်ဖေါ်ရခြင်းအကြောင်းမှာ မြန်မာတပ်တော် စကခ (၈) လက်အောက်ခံ ခမရ (၄၀၉) မှ စစ်သားနှစ်ဦးသည် ဇူလိုင် ၁၆၊ ၂၀၂၀ရင်တွင် အပြစ်မရှိသော ပိုလိုထာဒေသခံ နော်မူနော်အား အကြမ်းဖက်သောနည်းလမ်းဖြင့် သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံးသူ၏ ရွှေဆွဲကြိုးနှင့် ရွှေနာကပ်ကိုပါ ယူဆောင်သွားခဲ့သောကြောင့်ဖြစ်ပြီး ထိုမျှမက လွန်ခဲ့သော လပိုင်းအနည်းငယ်တွင်လည်း "ဝါသိုးခို ရွာသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ခြင်း၊ မဲဝေရွာလမ်းမပေါ်တွင်လည်း ဒေသခံသစ်တောထိန်းကို သေနတ်ဖြင့်ပစ်သတ်ခြင်း၊ ဝါသိုးခိုရွာထဲသို့ သေနတ်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကူဆံးဒေသခံကိုသေနတ်ဖြင့်ပစ်သတ်ခြင်း၊ ဝါသိုးထာရွားသူရွားသားများကို ပစ်သတ်သည်သာမက ဒေသခံများကိုလည်းခြောက်လှန့်ခဲ့ခြင်းကြောင့် ဒေသံများမှ ဆန္ဒထုတ်ဖေါ်ခြင်းဖြစ်သည်။

ယခုလို ဒေသခံများဆန္ဒထုတ်ဖေါ်မှုအပေါ် ဦးဆောင်သူများက "ကြှနျုပျတို့ဒသေခံ ဒွယ်လိုးမြို့နယ်မှ လူထုများသည် ဒေသလေးခုမှလူထုတွေပူးပေါင်းပြီး ယနေ့နံနက်မှ ယခုအချိန်တွင် မြန်မာတပ်မတပ်မတော်မှ ဒေသခံများကို အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုများကို စတင်ကြွေးကြော်ဖို့စီစဉ်ထားပါသည်။ သူတို့၏ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုကို ကြှနျုပျတို့ဒသေခံမြားမှ မခံမရပ်နိုင်တော့သောကြောင့် ကြွေးကြော်ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်သည်။ ဖာဖွန်ဒေသနှင့် ကမာ့မောင်းနေရာစပ်ကြားမှာလည်း မြန်မာတပ်မတော်မှ ဒေသခံလူထုများရှိနေသောရွာများကို သေနတ်ကြီးများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ပါသည်။ ထို့အပြင် နိုင်ငံရပ်ခြားရောက်ရှိနေသော ကရင်လူထုများသာမက ကရင်လုမျိုးအတွက်ရပ်တည်ပေးသောသူများကလည်း နည်းလမ်းအသွယ်သွယ်ဖြင့် မြန်မာတပ်မတော်မှ ကြှနျုပျတို့ ဒေသတွင်း မရှိတော့အောင် ဆောင်ရွက်ပေးဖို့တောင်းဆိုလိုပါသည်။ မြန်မာ့တပ်မတော်မှ ကြှနျုပျတို့၏ ဒေသအတွင်း ဆက်လက်ရှိနေပါက ကြှနျုပျတို့ဒသေခံတှဟော ကြောက်လှန့်မှု၊ ခြိမ်းခြောက်မှု၊ စိတ်ဆင်းရဲမှုနှင့် လယ်၊ ယာ၊ ခြံမြေလုပ်ငန်းများကိုလည်း လွပ်လွပ်လပ်လပ် စိတ်ချမ်းသာစွာ လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ ထိုကြောင့် ပြည်တွင်းပြည်မရှိကရင်ခေါင်းဆောင်များ၊ ပြည်ပရှိကရင်ခေါင်းဆောင်များနှင့် ကရင်လူမျိုးများဖိနှိပ်ခံညယဘဝမှလွတ်မြောက်ဖို့အတွက်ရပ်တည်ပေးသောခေါင်းဆောင်အဖွဲ့အစည်းများ ကြှနျုပျတို့ကွုံတှေ့နောသော အခက်အခဲအခြေအနေကို သိရှိနားလည်ပြီး မြန်မာတပ်မတော်မှ ကြှနျုပျတို့၏ဒသေအတှငျးဆကျလကြျရှိမနဖေို့ ကူညီပေးရန်လိုအပ်ပါသည်။"

ဒေသခံကရင်လူထူဆန္ဒပြမှုတွင် ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာအုပ်စုများဖြစ်သည့် မလေးလုံကျေးရွာအုပ်စု၊ ဝေါ်မူကျေးရွာအုပ်စု၊ မဲဝေနှင့်ခူထာကျေူရွာအုပ်စုမှ ကျေးရွာပေါင်း ၃၅ရွာစုပေါင်းပြီး လူထုအင်အား ၁၅၂၄ယောက်တို့သည် မြန်မာတပ်မတော်စခန်း ၄ခုဖြစ်သော (မဲဝေတပ်စခန်း၊ ကေးကိုတပ်စခန်း၊ ဝေါ်မူတပ်စခန်းနှင့် ခူသူထာတပ်စခန်း)များကို ဆန္ဒထုတ်ဖေါ်ခြင်းဖြစ်ပြီး တပ်စခန်းရှေ့စာသားပါ အကြောင်းအရာများကို ကပ်ထားခဲ့ပါသည်။

ဒေသခံနော်မူနော်သည် အပြစ်မရှိဘဲ အကြမ်းဖက်ပစ်သတ်ခြင်းခံရပြီး သူမသည် စောမော်ကေးနှင့် နော်နူတို့၏သမီးဖြစ်ပြီး ရွာသူကြီးစောဖူအေး၏ချစ်ရသောဇနီးဖြစ်သည်။ သူမသေဆုံးချိန်တွင် အသက်၁၈နှစ်အရွယ် သမီးကြီး နော်နီလာဦး၊ ၁၅အရွယ် သားလတ်စောဂျွန်ဂိုနှင့် အသက်၁၂အရွယ် သားငယ် စောဟိန်းဝေယံ ၃ဦးတို့ ကျန်ရှိနေကြောင်း သိရပါသည်။

ဤအဖြစ်အပျက်များနှင့်ပတ်သက်၍ အောက်တိုဘာ ၁၅၊ ၂၀၁၅ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာတပ်မတော်တို့သည် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု NCA စာချုပ် ကတိကဝတ်ကို သဘောတူညီမှုရှိစွာနှစ်ဦးနှစ်ဖက်ချုပ်ဆိုခဲ့ပြီးဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ -၅ နေရာဖြစ်သောဖာဖွန်ဒေသတွက် ဆက်လက်ပြီး ဒေသခံများကို အကြမ်းဖက်ခြင်း၊ သတ်ဖြတ်နေခြင်းနှင့် ခြောက်လှန့်ခြင်းများပြုလုပ်လျက်ရှိနေခြင်းကို သိရှိရပါသည်။