စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် စစ်ဘေးရှောင်ပြည်သူလူထုများ နေရပ်သို့မပြန်နိုင်

၂၆ ဇန်နဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် စစ်ရေးလှုပ်ရှားမှု အစဥ်မပြတ်ပြုလုပ်သဖြင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်၊ နယ်ခြားစောင့်တပ် နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ၂၅ ရက်နေ့အထိ ၁၀ ရက်အတွင်းတွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၁၀၅) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်၏တပ် နှင့် နယ်ခြားစောင့်တပ်တို့ဘက်မှ (၁၅၀) ယောက် သေဆုံးကာ (၁၁၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ သေဆုံးသွားသော အာဏာသိမ်းစစ်ကောင်စီ၏တပ်များထဲတွင် စစ်သမီးတစ်ယောက်လည်း ပါဝင်ခဲ့ပါသည်။
အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ မကြာခဏ လက်နက်ကြီးများ ပစ်ချခဲ့သဖြင့် (၁၀) ရက်အတွင်းတွင် ပြည်သူလူထု (၃) ဦး သေဆုံးခဲ့ရပြီး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ထိတွေ့ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားခဲ့သောကြောင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူးခရိုင် ( တပ်မဟာ ၁ )၊ ညောင်လေးပင်ခရိုင် ( တပ်မဟာ ၃ )၊ ဘိတ်ထားဝယ်ခရိုင် ( တပ်မဟာ ၄ )၊ မူတြော်ခရိုင် ( တပ်မဟာ ၅ ) နှင့် ဒူးပလာယာခရိုင် ( တပ်မဟာ ၆ ) များအတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုအနီးရှိ ထွက်‌ေပြးတိမ်း‌ေရှာင်‌ေနရ‌ေသာပြည်သူလူထုများသည် ယခုအချိန်ထိ မိမိနေရပ်သို့ ပြန်လည်နေထိုင်ခြင်းမပြုနိုင်သေးပေ။
ထို့အပြင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ စစ်ရေးလှုပ်ရှားမှုပြုလုပ်သည့်အတွက်ကြောင့် ကျောင်းများကို ပိတ်ထားရသဖြင့် ကျောင်သူကျောင်သား ကလေးသူငယ်များ နှင့် လူငယ်လူရွယ်များသည် ပညာမသင်ကြားနိုင်တော့ဘဲ တောတောင်များအတွင်းတွင် ထွက်ပြေးပုန်းအောင်းခဲ့ရပါသည်။ စစ်ဘေးရှောင်ပြည်သူလူထုများသည် ဒုက္ခ ဆင်းရဲ အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသည် ဒုက္ခ ဆင်းရဲ ပို၍ ခံစားခဲ့ရပါသည်။