စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တစ်လတာတိုက်ပွဲသတင်း

၈ ဖေဖော်ဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို
၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်လတာတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း (၄၃၅) ကြိမ် ဖြစ်ပွားခဲ့ကာ အာဏာသိမ်း စစ်ကောင်စီ၏ တပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်မှ (၃၉၉) ယောက် သေဆုံးပြီး (၃၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ် ရေး တပ် KNDO တို့ဘက်မှ ( ၇ ) ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရပြီး (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ နေ့တိုင်းနီးပါး လက်နက်ကြီးများ ပစ်ချလျက် ရှိပါသည်။ ကေအဲန်ယူ - မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေများအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲမှုများ ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ နှင့် နယ်ခြားစောင့်တပ်များမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နှင့် လေယာဉ် ဖြင့် ဗုံးကြဲမှုတို့ကြောင့် ပြည်သူလူထုပေါင်း (၁၂) ဦး သေဆုံးခဲ့ရပြီး (၃၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ် ထားဝယ်ခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် များအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် ပြည်သူလူထုပေါင်း ခုနှစ်သောင်း ( ၇၀၀၀၀ ) ကျော်သည် တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါသည်။