စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၌ မတ်လ တစ်လတာအတွင်း တိုက်ပွဲသတင်း

၅ ဧပြီ ၂၀၂၂ ကေအဲန်ယူ - ဗဟို
၂၀၂၂ ခုနှစ် မတ်လအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ [ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ] နှင့် [ အာဏာသိမ်း စစ်ကောင်စီ၏ တပ် ၊ နယ်ခြားစောင့်တပ် BGF ] တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မတ်လ တစ်လတာ အတွင်း တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ ပစ်ခတ်မှုပေါင်း (၅၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ၏ တပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်မှ (၄၂၉) ယောက် သေဆုံးကာ (၂၆၀) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှ အာဏာသိမ်းစစ်ကောင်စီတပ်၏ ကား (၃၅) စီးကို ဖျက်ဆီးနိုင်ခဲ့ပါသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ဘက်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် (၂၂) ဦး အသက်စွန့်ခဲ့ရပြီး (၃၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO  နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားခဲ့၍ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီး လက်နက် ကြီးများ နေ့စဉ်ပစ်ခတ်ခဲ့ကြပါသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ လက်နက်ကြီးများ ၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုကြောင့် အပစ်မဲ့ပြည်သူလူထု ပေါင်း ( ၂၅ ) ဦး သေဆုံး ခဲ့ရပြီး (၃၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။
ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် များအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ဖြင့် (၈) ကြိမ် လာရောက်၍ ဗုံးကြဲတိုက်ခိုက်မှုပြုခဲ့ပါသည်။ ဤသို့ အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ်ကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်သောကြောင့် အပစ်မဲ့ ပြည်သူလူထု (၂) ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ပြည်သူလူထုများ၏ နေအိမ် နှင့် အဆောက်အဦပေါင်းများ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ ပြည်သူလူထု၏ ငွေ စုစုပေါင်း (၃၇) သိန်းကျပ်ကို အတင်းအဓမ္မ လုယက် ခိုးယူမှုရှိခဲ့သည့်အပြင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ လေယာဉ်ဖြင့် ဗုံးကြဲမှု နှင့် လက်နက်ကြီးများ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုများကြောင့် ကာလတန်ဖိုးအရ မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်ရှိသော ပြည်သူလူထုများ၏ စည်းစိမ် ဥစ္စာ နှင့် ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများလဲရှိခဲ့ပါသည်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ အင်အားသုံးထိုးစစ်၍ တိုက်ပွဲများဖြစ်ပွားမှုကြောင့်၊ အာဏာသိမ်းစစ် ကောင်စီ၏ တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ လက်နက်ကြီး ၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုကြောင့် နှင့် လေယာဉ်ဖြင့် ဗုံးကြဲ မှုများကြောင့် အပစ်မဲ့ပြည်သူလူထုပေါင်း တစ်သိန်း ( ၁၀၀၀၀၀ ) ကျော် နေရပ်ကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။