စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲသတင်း

၁၈-၄-၂၀၂၂
ကေအဲန်ယူ ဗဟို
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းတွင် အာဏာ သိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်ဆင်မှုများ စဥ်ဆက်မပြတ် ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် နယ်မြေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ် ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့် တပ် BGF တပ်များအား ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါသည်။
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဒေသများ တွင် တိုက်ပွဲများ အများဆုံး ဖြစ်ပွားကာ၊ တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေသည်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ကေအဲန်ယူ- ဒူးပလာယာခရိုင်တွင် (၁၅)ရက်အတွင်း တိုက်ပွဲပေါင်း (၅၅)ကြိမ် ဖြစ်ပွားကာ အာဏာ သိမ်းစစ်ကောင်စီတပ်နှင့် BGF တပ်များက (၈၇)ဦးသေဆုံးပြီး၊ (၄၅)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ BGF တပ်များ၏ သေဆုံးမှုများထဲတွင် တစ်ချို့အတည်မပြုနိုင်သေးပါ။
KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNDO- ကရင်အမျိုးသားကာကွယ်ရေးတပ်၊ ပူးပေါင်းတပ်ဖွဲ့များမှ (၁၂)ဦးသေဆုံးကာ၊ (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီတပ်များက (၁၅)ရက်အတွင်း ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် အပြစ်မဲ့ပြည်သူများ (၄)ဦးသေဆုံးကာ၊ (၈)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။