စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၄၃၄ ပြည်သူလူထု၏ အိမ်တွင်းသို့ ဝင်ရောက်မွှေနှောက်ခြင်းများ ပြုလုပ်


၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်၊ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာ၊ဝဲမှူးကျေးရွာ၊ အလယ်ကျွန်းကျေးရွာနှင့် သစ်ဖရောင်းတန်း ကျေးရွာ တွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၄၃၄ သည် ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး သစ်ဖရောင်းတန်းကျေးရွာရှိ ဦးမောင်မောင်လေးနှင့် ဦးမောင်အေးလှိုင်တို့၏ အိမ်သို့ ဝင်ရောက်ပြီး မွှေနှောက် ကြသည်။
ပြည်သူလူထုများသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ ကျေးရွာတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိသောအခါ ထိတ်လန့်ကြောက်ရွံ ထွက်ပြေးကြသောကြောင့် စစ်ကောင်စီ၏ တပ်များသည် အပစ်မဲ့ပြည်သူလူထုများကို အကြောင်းမဲ့ လိုက်လံဖမ်းဆီးကြသည်ဟု သိရသည်။
၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှစ၍ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ ကေအဲန်ယူ - ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်သို့ ထိုးစစ်ဆင်ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပေါင်းစုံဖြင့် ကျေးရွာတွင်းသို့ ပစ်ချခြင်းပြုလုပ်လာကြသည်