စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ၏ ပူးပေါင်းတပ်မှ လက်နက်ပေါင်းစုံဖြင့် ကျေးရွာတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထုနှစ်ဦးနှင့် အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံး


၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်၊ ကေအဲန်ယူ။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၃၅၁၊ ခမရ ၄၃၉၊ ခလရ ၆၀၊ ပျူစောထီးနှင့် ပြည်သူ့စစ်တို့ ပူးပေါင်းပြီး တပ်ရေးဗိုလ်ကြီး ဇေယျာလင်း ဦးဆောင်၍ ညောင်ကုန်း ကျေးရွာတွင် အခြေချပြီး နရွဲပင်ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်နှင့် လက်နက်ပေါင်းစုံဖြင့် မေလ(၂၀)ရက်နေ့ နေ့လည် ၁၁ နာရီ ၄၅မိနစ်မှစ၍ ၃နာရီကြာ အဆက်မပြတ် ပစ်ချပြီး ၃နာရီကြာနောက်ပိုင်း နာရီဝက်ခြားတစ်ကြိမ် ည ၂ နာရီအထိ ပစ်ချခဲ့သည်။
ထိုသို့ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦးနှင့် တိရိစ္ဆာန်များကို ထိမှန်ခဲ့သည်။ အဖ စောကျော်ဝင်း၊ အမိ နော်ဒူးဒူတို့၏သား စောထွန်းသစ္စာအသက်(၁၆)နှစ် လည်ပင်းတွင် စိုးရိမ်ရထိခိုက် ဒဏ်ရာရရှိပြီး အဖ စောမောင်ဆက်၊ အမိ နော်လှမြင့်တို့၏သား စောထွန်းထွန်းဆက်အသက်(၃၈)နှစ်မှာလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျေးရွာသူကျေးရွာသားများ၏
ဆိတ်နှစ်ကောင်နှင့် နွားတစ်ကောင် ထိခိုက်သေဆုံးခဲ့ပါသည်။
၎င်းပစ်ခတ်မှုကြောင့် အိမ်ခြေစုစုပေါင်း (၂၀၀)ရှိသည့် နရွဲပင်ကျေးရွာ၊ ညောင်တန်းကျေးရွာနှင့် ကြို့ကုန်းကျေးရွာရှိ လူဦးရေစုစုပေါင်း (၁၁၁၀)ဦး တို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှေောင်ရသည်။