စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ၏ ခမရ(၃၄၉)သည် ဒရုန်းဖြင့် (၆၀)မမကို ကျေးရွာတွင်းသို့ ပစ်ချပြီး အသက်(၈)နှစ်အရွယ် ကလေးမလေးတစ်ဦးကို ထိမှန်ခဲ့


၂၀၂၂ ခုနှစ်၊ မေလ(၁၂)ရက်၊ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာတွင် ၂၀၂၂ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ ညနေ(၅)နာရီဝန်းကျင်တွင် အားဏာသိမ်းစစ်ကောင်စီ၏ ခမရ(၃၄၉)သည် အင်းနက်အထက်ကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ဒရုန်းဖြင့် (၆၀)မမ တလုံးကို ပစ်ချခဲ့သည်။ ယင်းပစ်ချမှုတွင် ကိုဝင်းနိုင်၊ မသန္ဒာဝင်းတို့၏ သမီး အသက်(၈)နှစ်အရွယ် မထက်ထက်စံကို ထိမှန်ခဲ့သည်။
ထိမှန်ခဲ့သည့်အချိန်တွင် ကေအဲန်ယူ ကျောက်ကြီးမြို့နယ်မှ တာဝန်ရှိခေါင်းဆောင်များက ကုသပေးခဲ့သည်။ ယင်းထိမှန်မှုတွင် မထက်ထက်စံ၏ ဘယ်ဘက်ရင်အုံမှ ကျောဘက်သို့ ပေါက်ထွက်ပြီး အဆုပ်ကို ထိခိုက်သိဟု ကုသပေးသူမှ ပြောသည်။ ထို့နောက် မထက်ထက်စံ၏ မိဘများက မိမိတို့ကိုယ်တိုင်ကုသပေးမည်ဟု ခေါ်ဆောင်သွားခဲ့သည်။