စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ဘူးသိုနှင့် ဒွယ်လိုး မြို့နယ်မှ ထောင်နှင့်ချီသော ဒေသခံများသည် မိမိတို့နယ်မြေအတွင်းရှိ မြန်မာစစ် တပ်များကို ရုတ်သိမ်းဖို့ ဆန္ဒပြကြခြင်း

ဇူလိုင်လ (၂၆) ရက်နေ့ ၂၀၂၀ ခုနှစ် နံနက် (ဝရးဝ၀) နာရီမှ မွန်းလွဲပိုင်း(၂းဝ၀) နာရီအထိ ဒွယ်လိုးနှင့် ဘူးသို မြို့နယ်မှ ထောင်နှင့်ချီသော ဒေသခံကျေးရွာသူ ကျေးရွာသားများသည် မြန်မာတပ်စခန်းရှေ့တွင် မိမိတို့ ၏ ဆန္ဒလိုအပ်ချက်များ ထုတ်ဖေါ်တောင်းဆိုနေကြပါသည်။

   
ဒေသခံ ကျေးရွာမှ ရွာသူရွာသားများသည်  ဤကဲ့သို့ ဆန္ဒပြရာတွင် တင်ပြတောင်းဆိုသော အချက်များမှာ

၁. ၂/၁/၂၀၂၀ နေ့ (စကခ-၈) လက်အောက်ခံ (ခမရ-၄၀၈) မှ ရဲဘော်များသည် ၀ါသိုးခိုရွာသားတစ် ဦးကို ပစ်သတ်ခြင်း
၂. ၅/၃/၂၀၂၀ နေ့တွင် မြန်မာစစ်တပ် (ရတခ) လက်အောက်ခံ (ခမရ-၃၃၈) မှ ရဲဘော်များ မူတြော် ခရိုင်၊ မယ်ဝေကျေးရွာလမ်းမကြီးပေါ်မှာ သစ်တောဌာနမှ ဝန်ထမ်းတဦးကို ပစ်သတ်ခြင်း
၃. ၇/၅/၂၀၂၀ နေ့တွင် မြန်မာစစ်တပ် (စကခ-၈) လက်အောက်ခံ (ခမရ-၄၁၀) ရဲဘော်များသည ်ဝါသိုးခို ရွာထဲသို့ လက်နက်ကြီးများကို ပစ်ချသဖြင့် ရွာသူရွာသားများ ကြောက်ရွံ့၍ နေရာပြောင်းရွှေ့ရခြင်း
၄. ၉/၅/၂၀၂၀ နေ့တွင် မြန်မာစစ်တပ် (စကခ-၈) လက်အောက်ခံ ရဲဘော်များ ကူးဆိတ်ရွာသား တဦးကို ပစ်သတ်ခြင်း
၅. ၂/၆/၂၀၂၀ ရက်နေ့တွင် မြန်မာစစ်တပ် (စကခ-၈) လက်အောက်ခံ (ခမရ-၄၀၅) ရဲဘော်များ ၀ါသိုးထာရွာသားတဦးကို ပစ်သတ်ခြင်း
၆. ၁၆/၇/၂၀၂၀ ရက်နေ့တွင် မြန်မာစစ်တပ် (စကခ-၈) လက်အောက်ခံ (ခမရ-၄၀၉) ရဲဘော်နှစ်ဦး တို့သည် ပိုလိုးထာ ရွာသူတဦးကို ပစ်သတ်ခြင်း
၇. မြန်မာစစ်တပ်များသည် လမ်းလုံခြုံရေးကို မိမိဆန္ဒအတိုင်း ယူပြီး သတ်မှတ်ထားသော နေရာများကို ကျော်လွန်ကာ သွားလာသဖြင့် ကျေးရွာနေ ရွာသူရွာသားများ အတွက် ကြောက်ရွံ့စိုးရိမ်နေရသော အကြောင်းအရာများပါဝင်ခြင်း
၈. ၎င်းပြင် မြန်မာစစ်တပ်မှ သီလရှင်တစ်ပါး (နော်…….) ကိုလည်း မုဒိမ်းကျင့်ခဲ့ခြင်း
 အပါဝင်အားလုံးအချက် ၈ ချက်များ ပါဝင်ပါသည်။

ဤကဲ့သို့ မြန်မာစစ်တပ်အနေနှင့် ကျေးရွာပြည်သူလူထုများကို ပစ်သတ်ခြင်း ကြောက်ရွံ့ခြောက်လန့်စေခြင်း၊ မုဒိမ်းကျင့်ခြင်း၊ စသည့်ရက်စက်တဲ့လုပ်ရပ်များကို ကျေးရွာသူရွာသားများ မကျေမနပ်ဖြစ်ကြသောကြောင့် ခွန်သွီးထာ မှ မြန်မာ့စစ်တပ်စခန်း၊ မဲဝေ စစ်တပ်စခန်း၊ ကေကိုတပ်စခန်း နှင့် ဝေါ်မူစစ်တပ်စခန်းများကို ရုတ်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြကြပါသည်။

ဤကဲ့သို့ ကျေးရွာရှိ ရွာသူရွာသားများ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရခြင်းမှာ မူတြော်ခရိုင် မှရှိသော မြို့နယ်သုံးခုစလုံးအတွင်းရှိ မြန်မာ့စစ်တပ်များမှ ရွာသူရွာသားများကို ကြောက်ရွံ့ခြောက်လန့်စေခြင်းများ နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခြင်းမှာ  ယနေ့တိုင်အဆက်မပြတ် ဖြစ်နေခြင်းတို့ကြောင့် ဘူးသိုမြို့နယ်မှ ကျေးရွာအုပ်စု ၆ အုပ်စုမှလည်းကောင်း၊ ဒွယ်လိုးမြို့နယ်မှ ကျေးရွာအုပ်စု ၄ အုပ်စု စုစုပေါင်း ကျေးရွာ (၁၁၄) ရွာမှ ရွာသူရွာသားများက ထောင်နှင့်ချီ၍ ပထမ နေရာဖြစ်သော ကူးဆိပ်မြေန်မာစစ်စခန်းများတည်ရှိရာနေရာသို့ လည်းကောင်း၊ ဒုတိယ နေရာဖြစ်သော ကတိုင်တိ မြန်မာစစ်တပ်စခန်းရှိရာနေရာမှ အောက်ဖက်အရပ် မြန်မာစစ်တပ်စခန်းရှိရာ နေရာများသို့ ချီတက်တောင်းဆိုဆန္ဒပြကြပါသည်။

ဤတောင်းဆိုမှု၊ ဆန္ဒပြမှုနှင့် အတူ ၎င်းတို့ ကြွေးကြော်သံများမှ
၁. အုပ်စိုးမှုကို - အလိုမရှိ
၂. အသက်တာလုံခြုံမှု - ညီညွှတ်စွာဆောင်ရွက်ကြ
၃. မွေးဖွားရာဇာတိ- မိမိတို့၏ ပိုင်ဆိုင်ခြင်း တို့ဖြစ်ကြပါသည်။

လူထုဆန္ဒပြအစီအစဉ်နှင့် စပ်လျဉ်း၍ ဦးစီးဦးဆောင်သူတို့၏ အမြင်သဘောထား
    ကျွနု်ပ်တို့၏ နယ်မြေဒေသကို ပြန်လည်သုံးသပ်သောအခါ မြန်မာစစ်တပ်တို့သည် မိမိတို့၏ တပ်စခန်းများကို ကျေးရွာပြည်သူတို့၏ နေရာထိုင်ခင်းနှင့် လည်းကောင်း၊ အများပြည်သူသွားလာ သော လမ်းမကြီးနှင့် လည်းကောင်း၊ တောင်ယာ၊ လယ်များသို့ သွားရောက်လုပ် ကိုင်စားသောက်သော နေရာများနှင့် အလွန်နီးကပ်နေပြီး ဤမြန်မာစစ်တပ်တို့ တပ်လှုပ်ရှားမှုများသည် ရွာသူရွာသားများအတွက် ပို၍ စိုးရိမ်ဖွယ်ရာဖြစ်နေပါသည်။
    ပထမပိုင်းတွင် ကျွနု်ပ်တို့၏ ခေါင်းဆောင်များသည် အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်နေကြ သဖြင့် ပြည်သူလူထုများအနေဖြင့် ငြိမ်းချမ်းခြင်းနှင့် လုံခြုံမှုရှိလာမည်ဖြစ် ပြီး လွတ်လပ်စွာလုပ်ကိုင်စားသောက်နိုင်လိမ့်မည်ဟု ထင်ခဲ့ပါသည်။
    သို့သော် အမှန်တကယ်မှာ မြန်မာစစ်တပ်များသည် ယနေ့ထက်တိုင် ပြည်သူလူထုများကို ကြောက်လန့်စေခြင်း၊ နာကျင်စေခြင်း၊ သတ်ဖြတ်ခြင်း၊       ညှင်းပမ်းနှိပ်စက်ခြင်း များရှိနေပါသည်။
    သို့ဖြစ်၍ ဘူးသို နှင့် ဒွယ်လိုးမြို့နယ်မှ ကျေးရွာပြည်သူလူထုများ စုပေါင်း၍ မိမိတို့၏ လိုအင်ဆန္ဒကို တောင်းဆိုကာ ဆန္ဒပြရခြင်းဖြစ်သည်။
    ဤဆန္ဒထုတ်ဖော်တောင်းဆိုခြင်းအစီအစဉ်တွင် ကျေးရွာအုပ်စု ၁၀ စုမှ ပါဝင်သော ကျေးရွာအုပ်စုများမှာ မာထော ကျေးရွာအုပ်စု၊ ထီသဘလူထာ ကျေးရွာအုပ်စု၊ လေးဖိုးထာ ကျေးရွာအုပ်စု၊ ကတိုင်တိ ကျေးရွာအုပ်စု နှင့် ဘူးသို မြို့နယ်မှ ကျေးရွာအုပ်စုများမှာ မဲကလိုး ကျေးရွာအုပ်စု၊ မဲညူ့ ကျေးရွာအုပ်စု၊ မဲခူ ကျေးရွာအုပ်စု၊ မဲမွဲ ကျေးရွာအုပ်စု၊ ဒေးဝါး နှင့် ကြောပါး ကျေးရွားအုပ်စု တို့မှ ကျေးရွာပြည်သူလူထု စုစုပေါင်း (၄၆၅၀) ဦးတို့သည် မြန်မာစစ်တပ် တည်ရှိရာနေရာ နှစ်ခုဖြစ်သော ကတိုင်တိ စစ်တပ်စခန်းနှင့် ကူးဆိတ် တပ်စခန်းများသို့ ချီတက် ဆန္ဒပြ တောင်းဆိုကြပါသည်။
    ဤကဲ့သို့သော ကျေးရွာပြည်သူလူထုများသည် မြန်မာစစ်တပ်မှ ရဲဘော်နှစ်ဦးတို့သည် နော်မူနော်-အပြစ်မဲ့သူကို ရက်ရက်စက်စက် ပစ်သတ်ခြင်းနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၂ ရက် ၂၀၂၀ နေ့တွင်လည်း ဒွယ်လိုးမြို့နယ်မှ ကျေးရွာအုပ်စုများဖြစ်သော ခိုသွီထာ၊ လေးခေါ်ထိ၊ မဲဝေ၊ ဝေါ်မူ နှင့် မလေးလယ် တို့မှ လူထု (၁၅၂၄) ဦးတို့သည်လည်း နေရာလေးခုတွင် စုပြီး ခိုသွီထာ မြန်မာ စစ်တပ်စခန်းရှေ့တွင်လည်းကောင်း၊ ဝေါ်မူ မြန်မာစစ်တပ်စခန်း ရှေ့တွင်လေည်းကောင်း၊ ကေးကို မြန်မာတပ်စခန်း ရှေ့တွင်လည်းကောင်း၊ မဲဝေ မြန်မာတပ်စခန်းရှေ့တွင်လည်းကောင်း ဆန္ဒပြတောင်းဆိုကြပြီး ကြွေးကြော်သံများဖြစ်သော မြန်မာစစ်တပ်များ ကျေးရွာပြည်သူလူထုများကို ကြောက်လန့်စေခြင်း၊ မတရားသတ်ဖြတ် မုဒိမ်းကျင့်ပြုခြင်းများကို မကျေနပ်၊ မလိုအပ်ပါ။ တပ်စခန်းချထားသော မြန်မာစစ်တပ်များကို အားလုံးရုတ်သိမ်းပေးဖို့ တောင်းဆိုကြသည်။

မှတ်ချက်။

မဲဝေ တပ်စခန်း =မဲဝိုင် တပ်စခန်း
ကေးကို တပ်စခန်း = ကိုင်းကုတ် တပ်စခန်း
ခွန်သီးထာ တပ်စခန်း = လှဂွန်းပျို တပ်စခန်း
ဝေါ်မူ တပ်စခန်း    = ဝင်းမောင်း တပ်စခန်း