စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးတွေ့ဆုံးဆွေးနွေးရေး အပေါ် အမြင်သဘောထား သုံးသပ်ချက်


By Saya Saw Ka Pi
၉.၅.၂၀၂၂
ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေး ပဋိပက္ခများရဲ့ ဇစ်မြစ်ကို ဖြေရှင်းလိုတဲ့ နိုင်ငံရေးဆန္ဒရှိ့ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ဖြေရှင်းလိုတဲ့ အာသီသ ကိုလည်း အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့ပြဖို့ လိုတယ်လို့ ယူဆပါတယ်။ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေ အကုန်လုံးနဲ့ ရိုးသားမှန်ကန်စွာ ဖြေရှင်လိုစိတ် ရှိဖို့ကလည်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အခုမှ စပြီးပြောတုန်းရှိသေးတယ် ကျတော်တို့ကို တပ်အင်အားမတိုးချဲ့ရ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ကြိုတင်ကန့်သတ်ဖို့ ကြိုးစားတာတွေကလည်း သဘောထားမှန် ကန်မှုမရှိတာကို ပြသနေတယ်လို့ပဲ ကျတော်မြင်ပါတယ်။
နေ့တိုင်းနီးပါး ကျတော်တို့ ဒေသတွေထဲက ရွာတွေအပေါ်မှာ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာကလည်း အခုလို ကြေငြာချက်ထုတ် ဖိတ်ခေါ်တာမျိုးကို ယုံကြည်ဖို့၊ အတည်ယူဖို့ ခက်စေပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ကျတော်တို့ဟာ ပဋိပက္ခလိုလားတဲ့ သာမန်လက်နက်ကိုင် မဟုတ်ပါဘူး။ ကျတော်တို့ရဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို နိုင်ငံရေးနည်းနဲ့ တောင်းတာမရလို့ တော်လှန်ရေးနည်းနဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ ကြိုးစားနေတဲ့အဖွဲ့အစည်းပါ။ ငြိမ်းချမ်းစွာအဖြေရှာတဲ့နည်းကိုသုံးဖို့ ကျတော်တို့က အခုမှမဟုတ်ဘဲ အစဉ်တစ်စိုက်ကြိုးပမ်းနေခဲတာပါ။
လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ (ခုတစ်မျိုး တော်ကြာတစ်မျိုး မဟုတ်တဲ့) နိုင်ငံရေးဂုဏ်သိက္ခာရှိဖို့ လိုသလို၊ ဟိုတစ်ဖွဲ့ချန် ဒီတစ်ဖွဲ့ချန် ဖဲ့ထုတ်စည်းရုံးတာမျိုးနဲ့ အစမပြုမိဖို့ကလည်း အရေးကြီးတယ်လို့ပဲ သုံးသပ်မိပါတယ်။