စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ဧပြီလအတွင်း တိုက်ပွဲသတင်း


၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့
ကေအန်ယူဗဟို
ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့ကြား နေ့စဥ်ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့ပြီး ဧပြီလ တစ်လအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များမှ ၃၅၆ ဦးသေဆုံးပြီး ၁၉၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုင်းပြည်လွတ်မြောက်ရေးအတွက် ၁၅ ဦးအသက်စွန့်ခဲ့ရပြီး ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၏လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦးအသက်သေဆုံးခဲ့ရပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။