စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ဘီးလင်းမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီမှ လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေ။ KNLA မှကြားဖြတ်တိုက်ခိုက်၍ စစ်ကောင်စီဖက်မှ အကျအဆုံး နှင့် ဒဏ်ရာရသူများပြား။


၂၀၂၂ ခုနှစ်၊ မေလ ၅ရက်၊ သထုံခရိုင်။
ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံတပ်များမှ ဒေသခံပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်လျှက်ရှိသည်။
မေလ (၃)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ စကခ (၈)လက် အောက်ခံ (ခလရ-၄၀၃) တပ်ဖွဲ့သည် မဲပလီစခန်းမှ နတ်ကြီးစစ်ကောင်စီစခန်းသို့ စစ်ကြောင်းထိုးဆင်းလာပြီး အစူးချောင်း ကျေးရွာ သို့ အရောက်တွင် ရွာသူ/သားများကို စုဝေးခေါ်ယူခဲ့ပြီး အသက် (၄၀) ကျော်အရွယ် အစူးချောင်းရွာသား တီးဖားကျော်ထူးအား ရိုက်နှက်၊ နှိပ်စက်မှုများ ကျူးလွန်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
"စစ်ကောင်စီ စစ်သားတွေ ရွာရောက်တော့ ရွာမှာရှိတဲ့လူတွေမှန်သမျှကို ခေါ်စုခိုင်းတယ်၊ အရွယ်ကောင်းတဲ့ လူတွေက စကစ လာတယ်ဆိုတာသိလို့ ကြိုပြီးတိမ်းရှောင်နေကြတယ်၊ ရွာမှာ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေပဲကျန်တာ၊ တီးဖားကျော်ထူးက ကျန်ခဲ့တဲ့လူကြီးတွေထဲမှာအရွယ် ကောင်းတုန်းပေါ့၊ သူ့ကို နှိပ်စက်သွားတာ ပြင်းပြင်းထန်ထန်ပဲ" ဟု ဒေသခံတစ်ဦးကပြောသည် ထိုတပ် သည် မဲပလီစခန်းမှ နတ်ကြီးစခန်းသို့ ခြေလျှင်ဖြင့် တပ်ချိန်းပြီး ပြန်လာသည့်တပ်ဖြစ်ပြီး အစူးချောင်းရွာဘေးတောစပ်၌ စစ်ကောင် စီတပ်သား (၂) ဦး မြေမြုပ်မိုင်းထိမှန်ခဲ့ကြောင်းသိရသည်။ထို့နောက် အစူးချောင်းကျေးနယ်အုပ်စုရှိ ဝါ့ကတယ်ကျေးရွာဖက်မှ နတ်ကြီးဖက်သို့ စစ်ကြောင်းထိုးဆင်းသွားရာ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်များမှ ကြားဖြတ်တိုက် ခိုက်ခြင်းကြောင့် စစ်ကောင်စီဖက်မှ သေဆုံး၊ ထိခိုက် ဒဏ်ရာရသူ စုစုပေါင်း (၂၀) ခန့်ရှိသည်ဟု မြေပြင်သတင်းပေးပို့မှုအရသိရှိရသည်။
ကြားဖြတ်တိုက်ခိုက်ခြင်းခံရသည့်အတွက် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ ဝါ့ကတယ်ကျေးရွာရှိ လူနေအိမ်(၁)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျွဲ (၂) ကောင်၊ ဆိတ် (၁) ကောင် သေဆုံးခဲ့သည်ဟုသိရသည်။
ထို့နောက် အစူးချောင်းရွာသား(၁)ဦး၊ ဆိုင်ကယ်မောင်းနှင်လာသော ဒေသခံ (၃) ဦး၊ ဝါ့ကတယ်ကျေးရွာအတွင်းရှိ ဗုံးခိုကျင်းများအတွင်း ပုန်းအောင်းနေသော ရွာသား (၇) ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၁၁)ဦးကို စစ်ကောင်စီ စကခ ၈ လက်အောက်ခံ တပ်များမှ တပ်ချိန်းရာတွင်လူသားဒိုင်းအဖြစ်အဓမ္မ ခေါ်ဆောင်သွားခဲ့သည်ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာနခွဲမှ သတင်းပေးပို့သည်။
"ဧပြီ (၂၃) ရက်နေ့က နတ်ကြီးမှာရှိတဲ့ တပ်မ (၂၂) တပ်တွေက မဲပလီမှာရှိတဲ့ စကခ(၈) အဖွဲ့တွေနဲ့ နေရာချိန်းတယ်၊ KNLA က ကြားဖြတ်တိုက်ခိုက်မှုတွေရှိတာကြောင့် ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ် မေလ (၄) ရက်နေ့မှာ စစ်ကောင်စီ စကခ (၈) အဖွဲ့တွေ နတ်ကြီးစခန်းကို ပြန်ရောက်တယ်" ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းတာဝန်ခံကပြောသည်။
ဧပြီလ (၂၃) ရက်နေ့က မဲပလီစစ်ကောင်စီ စခန်းရှိ စကခ (၈) လက်အောက်ခံတပ်များနှင့် နတ်ကြီးစစ်ကောင်စီစခန်းရှိ တပ်မ (၂၂) လက်အောက်ခံတပ်တို့ အကြား နေရာလဲလှယ် တပ်ချိန်းမှု များပြုလုပ်ခဲ့ကြပြီး စကခ ၈ တပ်ဖွဲ့များ နတ်ကြီးစခန်းသို့ ပြန်လာရာလမ်းတွင် ယခုကဲ့သို့ လူ့အခွင့်ရေးချိုးဖောက်မှုများကိုကျူးလွန်ခဲ့ ခြင်းဖြစ်သည်။