စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မြန်မာစစ်တပ်မှ အပြစ်မ့ဲပြည်သူလူထုကို သတ်ဖြတ်သည့်အတွက်ကြောင့် ညောင်လေးပင်ခရိုင် , တပ္မဟာ ၃ မွ ပြည်သူလူများ မခံမရပ်နိုင်၍ ကြွေးကြော်သံများနှင့်အတူ ဆန္ဒထုတ်ဖော်

၂၀၂၀ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်, တပ္မဟာ ၃ မွ ဒေသခံပြည်သူလူထုများသည် စုရုံးပြီး မြန်မာစစ်တပ်၏ အပြစ်မ့ဲပြည်သူအား မတရားသတ်ဖြတ်မှုကို မခံမရပ်နိုင်ဖြစ်၍ ကြွေးကြော်သံများနှင့်အတူ ဆန္ဒဖော်ထုတ်မှုပြုခ့ဲကြပါသည်။
၎င်းတို့၏ ကြွေးကြော်သံများမှာ -
(
၁ ) နော်မူးနော် နှင့် အျခားသူမ်ားကို သတ်ဖြတ်မှုများ
(
ပွင့်လင်းမြင်သာစွာ အရေးယူပေး )
(
၂ ) တိုင်းရင်းသားဒေသအတွင်း ထိုးစစ်ဆင်ခြင်း နှင့် သတ်ဖြတ်ခြင်းများ
(
ချက်ချင်းရပ် )
(
၃ ) မြန်မာအစိုးရ စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ
(
ချက်ချင်းအရေးယူဆောင်ရွက်ပေး )
(
၄ ) စိုးရိမ်မှုကင်းမ့ဲသော လူမှုဘဝ ရပ်တည်နိုင်ဘို့
(
အစိုးရရဲ့ ကတိကဝတ်များ ချက်ချင်းအကောင်အထည်ဖော်ပြ)
(
၅ ) ပြည်သူဘဝ လုံခြုံမှုရရှိဘို့
(
မြန်မာတပ်မတော်များ ဒေသအတွင်းထွက်သွားပေး )
စသည့် အချက် ( ၅ ) ချက်ပါဝင်သည်။
ဤ ဆန္ဒဖော်ထုတ်ပွဲကို ညောင်လေးပင်ခရိုင် လူမှုရေးရာအဖွဲ့အစည်းမှ ဦးဆောင်ကာ မူသယ် နှင့် မောလေး စသည့် နေရာ ( ၂ ) နေရာ၌ ပြုလုပ်ခ့ဲပြီး ကျေးရွာ ( ၅၃ ) ရွာ မွ လူဦးရေ ( ၈၁၀ )ဦးပါဝင်ခ့ဲပါသည်။