စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၂၀ ဒုတပ်ရင်းမှူး နန္ဒာအောင်ဦးဆောင်သော အဖွဲ့မှ ရွှေခါးမိုကျေးရွာမှ သားအဖနှစ်ဦးကို PDF သင်တန်းဆင်းဟု စွပ်စွဲကာဖမ်းဆီးခဲ့


၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်၊ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ ရွှေခါးမိုကျေးရွာရှိ သားအဖနှစ်ဦးဖြစ်သည့် မောင်ကျော်မင်းစိုး အသက်(၄၅)နှစ်နှင့် သားမောင်ထက်လင်းစိုး (ခ) ဖိုးတောင်ရိုး အသက်(၂၀)နှစ် ကို အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၂၀ ဒုတပ်ရင်းမှူး နန္ဒာအောင် ဦးဆောင်သော အဖွဲ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၂၃)ရက်နေ့၊ ညနေ (၄)နာရီခန့်အချိန်တွင် ကျွန်းကြီးကျေးရွာသို့ ဖိတ်စာသွားပို့နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီမှ ထိုသားအဖနှစ်ဦးသည် PDF သင်တန်းဆင်းသည်ဟု စွပ်စွဲကာ အထက်မှ အမိန့်ကျလာသောကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူများက ပြောသည်။
ထိုသားအဖနှစ်ဦးသည် ကျပန်းလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်သူများ ဖြစ်သောကြောင့် ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ရှိ ရွှေတူးဖော်ခြင်းလုပ်ငန်းတွင် နေ့စားအဖြစ် လုပ်ကိုင်ခဲ့သူများ ဖြစ်ကြသည်။
ဒလဆိပ်ကျေးရွာအုပ်စုကို အာဏာသိမ်းစစ်ကောင်စီဘက်မှ ရွှေကျင်မြို့နယ်အဖြစ်သတ်မှတ်သော်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဘက်မှ လယ်ဒို (ကျောက်ကြီး) မြို့နယ်အဖြစ် သတ်မှတ်ထားသည်။