စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ တပ်မဟာ(၁)(၃)(၄)(၅)အတွင်းရှိ သွားလာရန်ခက်ခဲသော နေရာများရှိ စစ်ဘေးရှောင်များ လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီလိုအပ်လျက်ရှိကြောင်း။


ကေအဲန်ယူ-ဗဟို
၂၀၂၂ခုနှစ်၊မေလ(၂၉)ရက်။
KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတပ်များသည် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ အမြဲပြုလုပ် လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပါသည်။
စစ်ကောင်စီတပ်များသည် သူတို့၏နယ်မြေစိုးမိုးမှုရရှိရေးအတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာများတွင် နေထိုင်သော ရွာသူရွာသားများသည် ကျေးရွာများအတွင်း မနေထိုင်ရဲတော့ဘဲ ၎င်းတို့နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များကို စွန့်ခွာကာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဘေးလွတ်ရာသို့ ရွှေပြောင်း နေထိုင်နေကြရပါသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသော တပ်မဟာများမှာ သထုံခရိုင် တပ်မဟာ (၁)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာခရိုင် တပ်မဟာ (၆) တို့ဖြစ်ပြီး မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်။ အထူးသဖြင့်တပ်မဟာ (၁)၊ တပ်မဟာ (၃)၊ တပ်မဟာ (၄)၊ တပ်မဟာ (၅) များအတွင်းရှိ သွားရေးလာရေးခက်ခဲသောဒေသများတွင် လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီများ အထူးလိုအပ်လျက်ရှိ ပါသည်။