စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးနေခြင်းများကြောင့် ဒေသခံတစ်ချို့ တိမ်းရှောင်နေရ။


၂၀၂၂ ခုနှစ်၊ မေလ ၂၉ရက်၊ သထုံခရိုင်။
.
ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကိုအကြောင်းမဲ့ ဖမ်းဆီးနေခြင်းများကြောင့် ဒေသခံတစ်ချို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်းသိရသည်။
မေလ ၂၇ ရက်နေ့က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်ရှိ စစ်စီးကုန်း၌ နယ်မြေကျူးကျော်လာသော ပျူစောထီးအဖွဲ့များနှင့် စစ်ကောင်စီ တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၇၇ စုပေါင်းအင်အား ၇၀ ခန့်နှင့် KNLAပူးပေါင်းတပ်ဖွဲ့တို့ အကြားမိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိတွေ့ပစ်ခတ်မှု၌ နှစ်ဖက်ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီတပ်များမှ သစ်ဆိပ်ပင်ကျေးရွာသား (၁)ဦးအား ပေါ်တာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး မေလ (၂၆) ရက်နေ့ကလည်း လက်ပံပင်ရွာ သား မောင်ဘုန်းဝေကျော်နှင့် အထက်အဂ်ဘိုရွာသား မောင်ပိန်တို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ဆောင် သွားခဲ့ကာ ယခုချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် သတင်းတာဝန်ခံမှပြောသည်။
ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များမှ မကြာခဏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒေသခံပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း များ ကြောင့် ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။