စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်‌နယ်မြေအတွင်းတွင်ကိုယ်ထူကိုယ်ထကျောင်းအချို့ဖွင့်လှစ်နိုင်ခဲ့သော်လည်း အချို့ ကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်လှစ်ရန်အတွက် ခြိမ်းခြောက်ခြင်းခံရ


ဇွန်လ(၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ပြည်သူလူထုတည်ထောင်သည့် ကိုယ်ထူကိုယ်ထကျောင်းများ ဖြစ်သော လော်မူပယ်ကျေးရွာရှိ မူလတန်းကျောင်း၊ လော်မူသောကျေးရွာရှိ အလယ်တန်းကျောင်းနှင့် ကော်သာစေးကျေးရွာရှိ အလယ်တန်းကျောင်းများကို ယနေ့ နံနက် (၈) နာရီခွဲအချိန်တွင် ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယခုလို ကိုယ်ထူကိုယ်ထကျောင်း ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျောင်းသုံးပစ္စည်းကိရိယာများ၊ စာရေးခုံနှင့် ထိုင်ခုံများ အလုံအလောက်မရှိသေးဟု သိရသည်။
အာဏာရှင်၏ ပညာရေးစနစ်ကို မနှစ်သက်သော ကျွဲခြံကျေးရွာရှိ ပြည်သူလူထုများသည်လည်း မိမိတို့ကိုယ်တိုင် ယခုလိုကိုယ်ထူကိုယ်ထကျောင်းကို တည်ဆောက်ရန်အတွက် ကြိုးပမ်းနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ခြင်း ခံရခဲ့သည်။
ခြိမ်းခြောက်ခံရခြင်းမှာ ယနေ့နံနက်(၈)နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခလရ-၆၀ ဗိုလ်ကြီးအဆင့်ရှိသူဇေယျာလင်းမှ ကျွဲခြံကျေးရွာအုပ်စု ကျွဲခြံကျေးရွာရှိ စောမော်ဒေါင်းအား ခေါ်ယူ တွေ့ဆုံပြီး အာဏာသိမ်းစစ်ကောင်စီ၏ စာသင်ကျောင်းကို ဖွင့်လှစ်ရန်ပြောခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ၏ စာသင်ကျောင်းကို မဖွင့်လှစ်၊ မတက်ရောက်လျှင် ကျွဲခြံကျေးရွာရှိ ကျေးရွာသူ/ရွာသားများကို မောင်းထုတ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမည်ဟု ယခုလို ခြိမ်းခြောက်ခဲ့သည်။