စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ခုနှစ်၊မေလအတွက် တိုက်ပွဲသတင်းချုပ်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ် (BGF) များအကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

၂၀၂၂ခုနှစ် မေလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီး၊တိုက်ပွဲငယ်စုစုပေါင်း (၄၄၈)ကြိမ်ဖြစ်ပွားခဲ့ပါသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ် (BGF) များဘက်မှ (၃၀၃) ဉီးသေဆုံးပြီး (၂၁၅)ဉီးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင် အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များများဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၇) ဉီးအသက်စွန်ခဲ့ ပြီး(၂၆)ဉီးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လေယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ(၆)ဉီးသေဆုံးကာ (၂၁)ဉီးထိခိုက်ဒါဏ်ရာရှိခဲ့ပါသည်။