စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့မှ အရပ်သား (၁)ဦးကိုသတ်ဖြတ်ကာ (၁)ဦးကိုဖမ်းဆီးထား


၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ရက် ကေအဲန်ယူ - ဗဟို
အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့(ဝီယော်စခန်း)
မှ အရပ်သား (၁)ဦးကိုသတ်ဖြတ်ကာ (၁)ဦးကိုဖမ်းဆီးထားကြောင်း ကေအဲန်ယူ-သထုံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနတာဝန်ရှိသူကသတင်း ပေးပို့ထားသည်။ ဇွန်လ (၂)ရက်နေ့က လေးကေ ကျေးရွာနေ အသက် (၃၅)နှစ်အရွယ်ရှိစောသန်းလေးအား ခမရ အမှတ် (၉) စစ်ကြောင်းမှူး သီဟဇော်၏ လက်အောက်ခံတပ်သားမှ ဝီယော်ကျေးရွာ တံတားတွင် သေနတ်ဖြင့် ပစ်ခတ်ရာ ပြင်းထန် ဒဏ်ရာရရှိခဲ့၍ နီးစပ်ရာ ပြည်သူများက သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးခဲ့သော်လည်း ဇွန်လ (၃) ရက်နေ့ နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဇွန်လ (၂) ရက်နေ့ နံနက် ၈နာရီခွဲ ဝန်းကျင်တွင် ကေအဲန်ယူ-သထုံမြို့နယ်၊ ပနကူးထီး ကျေးရွာသား စောကြည်သည် ဆိုင်ကယ်မောင်းနှင်လာစဥ် ဝီယော်ကျေးရွာအတွင်း စခန်းချတပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်မှ ဖမ်းဆီးထားခဲ့သည်။

ဇွန်လ (၁)ရက်နေ့ကလည်း KNU မှထိန်းသိမ်းထားသော တပ်ဖွဲ့ဝင် (၂) ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့နယ် အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေးကျေးရွာ(၂) ရွာအား လက်နက်ကြီး များဖြင့် ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟု စစ်ကောင်စီ ခမရ အမှတ် (၉) တပ်ရင်းမှူးမှ ခြိမ်းခြောက်မှုများရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။