စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မြန်မာတပ်မတော်မှ အပြစ်မဲ့ရွာသူ/သားများကို မတရားသတ်ဖြတ်မှုအပေါ် မခံမရပ်နိုင်ဖြစ်ကာ ဆန္ဒပြမှုပြု လုပ်ခြင်း

6/Augest/2020၊ သူးလေသတင်းစဉ်
၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ် ကျေးရွာအုပ်စုမှူးများဖြစ် သော ထီးဘလါးအုပ်စု၊ စေါသဲခီးအုပ်စု၊ မဲကတီအုပ်စု၊ မဲပယ်ခီးအုပ်စု၊ ထီးဝါဘွေးအုပ်စုုနှင့် ဘလောခိုအုပ်စု မှ လူထုအင်အား(၂၀၀)ကျော် တို့သည် စလူးချောင်း၊ ဒုံးဆိပ်မှာရှိသော မြန်မာစစ်တပ်များရှိရာသို့ လမ်းမကြီးအတိုင်းလျှောက်ကာ မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ကြွေးကြော်ကြလေသည်။
ဤဆန္ဒပြကြွေးကြော်ရာတွင် အချက်(၅)ချက်ဖြစ်သော-
(၁) နော်မူနော် အပါအဝင် တခြားရွာသူ/သားများကို သတ်ဖြတ်ခြင်းအပေါ် ပွင့်လင်းမြင်သာမှုရှိသော အရေးယူမှုကို ပြုလုပ်ရန်၊
(၂) တိုင်းရင်းသားဒေသသို့ သွားရောက်စစ်တိုက်ခြင်းနှင့် သတ်ဖြတ်မှုများကို ချက်ချင်းရပ်ပြစ်ရန်၊
(၃) မြန်မာအစိုးရနှင့် မြန်မာစစ်တပ်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ချက်ချင်းအရေးယူပေးရန်၊
(၄) ဒေသခံပြည်သူလူထုများ စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုမှ ကင်းဝေးစေရန် မြန်မာအစိုးရသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ပါကတိဝန်ခံချက်များကို အကောင်အထည်ဖော်ရန်။
(၅) ဒေသခံပြည်သူလူထုတို့၏ ဘဝလုံခြုံမှုအတွက် မြန်မာစစ်တပ်များ မိမိတို့ဒေသမှ ချက်ခြင်းထွက်သွားရန် တို့ဖြစ်သည်။
မြန်မာအစိုးရနှင့် မြန်မာစစ်တပ်တို့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အကြောင်းအရာများ ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိကြသူများဖြစ်သည်။
သို့သော် အကောင်အထည်ဖော်မှုကို မဆောင်ရွက်သည့်အပြင် ဤစာချုပ်ပါအချက်များကို ဆန့်ကျင်ကာ ပြည်သူလူထုတို့၏ အခွင့်အရေးကို ထိပါးစေခြင်း၊ ကျေးရွာပြည်သူလူထုများကို ကြောက်လန့်စေခြင်း၊ အပစ်မရှိသောသူများကို သတ်ဖြတ်ခြင်းတို့ ကျေးရွာပြည်သူလူထုများသည် ဤအကြောင်းအရာများကို ဆန့်ကျင်ကာ ဆန္ဒပြရခြင်းဖြစ်သည်။
ဤကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်သူများကို ကြောက်လန့်စေခြင်း၊ သတ်ဖြတ်ခြင်းမှ ရပ်တန့် ပါက ကျေးရွာပြည်သူလူထုတို့သည် မိမိနေရာဒေသအသီးသီးတွင် ဆက်လက်၍ ဆန္ဒပြတောင်းဆို သွားကြ မည်ဟု သူးလေသတင်းစဉ်ဌာနသို့ ပြောကြားကြပါသည်။