စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီ ခမရ အမှတ် (၉)စခန်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူလူထု (၃၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ


၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက် ကေအဲန်ယူ - ဗဟို
အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉)တပ် (ဝီယော်)စခန်းမှ ဇွန်လ (၁)ရက်နေ့မှစကာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေမှုများကြောင့် ကေအဲန်ယူ-သထုံမြို့နယ်၊ ဝီယော် ကျေးနယ်အုပ်စုရှိ ကျေးရွာ (၄)ရွာမှ ဒေသခံ (၃၀၀၀ )ဦးကျော် ဘေး လွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ဘေးရှောင်ပြည်သူများမှာ ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာ တို့မှဖြစ်ပြီး အများစုမှာအနီးအနားကျေးရွာများမှ ဆွေမျိုးများထံသို့ ထွက်ပြေး တိမ်း ရှောင်နေကြရကာ တစ်ချို့မှာလည်း နီစပ်ရာ မြို့များတွင် သွားရောက်ခိုလှုံနေကြရသည်ဟုသိရသည်။

မိုးတွင်းကာလဖြစ်၍ စစ်ဘေးရှောင်ပြည်သူများမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ-သထုံမြို့နယ်ခေါင်းဆာင် တစ်ဦးမှ "မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ် တယ် ခြင်လည်းပေါတော့ တုတ်ကွေးလည်းကြောက်ရတယ်" ဟုပြောသည်။

ကေအဲန်ယူ-သထုံမြို့နယ်အတွင်း၌ နယ်မြေခံ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှုများ မကြာခဏရှိ ခဲ့ပြီး ဇွန်လ (၁)ရက်နေ့မှ စကာ ဝီယော်ကျေးရွာတွင် စခန်းချ တပ်စွဲထားသော စစ်ကောင်စီ ခမရ အမှတ် (၉) တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်မှာ ယနေ့အထိဖြစ်သည်။