စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ ကျားသေတောစားကျက်တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်သောကြောင့် စားကျက်တွင်း ကျွဲနွားတိရိစ္ဆာန်များကို ထိန်းကျောင်းနေသူများ အခက်အခဲများနှင့် ကြုံတွေ့ရ

ဇွန်လ (၁၉)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ယနေ့ နေ့လည်(၂)နာရီ မိနစ်(၂၀)မှ (၃)နာရီ (၁၁)မိနစ်အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် နတ်သံကွင်းမှ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၊ မမယမ်းကျေးရွာရှိ၊ ကျားသေတော (အင်းဝိုင်းကြီး) စားကျက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ချခဲ့သည်။ ၎င်းပစ်ခတ်မှုကြောင့် စားကျက်တွင်း ကျွဲနွားတိရိစ္ဆာန်များကို ထိန်းကျောင်းနေသူများ ကျွဲနွားများမထိန်းကြောင်း ရဲ တော့ပဲ ၎င်းတို့၏ကျွဲနွားများကို ရွာထဲသို့ ပြန်လည်မောင်းဝင်လာရသည်။
ကျားသေတော(အင်းဝိုင်းကြီး)စားကျက်သည် ယခင်ဘိုးဘွားစဉ်ဆက်ကတည်းက သတ်မှတ်ထားသည့် တိရိစ္ဆာန်ကျက်စားရာနေရာ ဖြစ်သည်။ ဤစားကျက်မြေများအား မဆလ၊ နဝတ၊ နအဖနှင့် အစိုးရ အဆက်ဆက်တို့မှ စိုက်ပျိုးရေးစီမံကိန်းများ ပြုလုပ်ရန်အတွက် ဒေသခံပြည်သူများ ပိုင်ဆိုင်သတ်မှတ်ထားသော စားကျက်မြေအတွင်း ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများကို အဓမ္မလုပ် အားပေးများ ဆင့်ခေါ်၍ ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ ဤခုတ်ထွင်ရှင်းလင်းထားသော စားကျက်မြေများအား ထွန်ယက်စိုက်ပျိုးရန်အတွက် စစ်အာဏာရှင်အစိုးရမှ ၎င်းတို့၏ အပေါင်း အပါ တောင်သူတစ်ချို့ကို ရောင်းချပေးခဲ့ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)များ ထုတ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် မွေးမြူထားသော ကျွဲနွားတိရိစ္ဆာန်များ ကျက်စားရာနေရာနှင့် ထိန်းကျောင်းရာနေရာအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
ဤစားကျက်မြေတည်ရှိသော နေရာဒေသသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ စီမံအုပ်ချုပ်ရေးနယ်မြေဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိကြုံတွေ့နေရသော အခက် အခဲပြဿနာများအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထံ ဖြေရှင်းပေးရန်အတွက် တင်ပြတောင်းဆိုလာခဲ့သည်။ ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုမှုအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ မိမိတို့ချမှတ်ထားသော မူဝါဒလမ်းစဉ် အတိုင်း ရပ်တည်ပြီး အမိန့်ညွှန်ကြားချက်များ နှစ်စဉ်နှစ်တိုင်း မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနမှ ထုတ်ပြန်ညွှန်ကြားခဲ့သည်။ ကေအဲန်ယူ၏ ညွှန်ကြးချက်အပေါ် စားကျက်မြေအတွင်း ထွန်ယက်စိုက်ပျိုးနေကြသော ပြည်သူများမှ လိုက်နာဆောင်ရွက်သောကြောင့် ဒေသခံပြည်သူများ မွေးမြူထားသော ကျွဲနွားတိရိစ္ဆာန်များ စားကျက်မြေများအတွင်းသို့ ကျက်စားခွင့်နှင့် ထိန်းကြောင်းခွင့် ပြန်လည်ရရှိခဲ့သည်။