စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်


ဇွန်လ(၁၀)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ခလရ-၆၀၊ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး အင်း နက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာအနီးအနားတွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ချသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၆၀သည် ကျောက်ကြီးမြို့၊ ဆိပ်ကြီးတွင် နေရာချထားပြီး ယနေ့နေ့လည်(၂)နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး ၆၀-မမ သုံးလုံးဖြင့် ပစ်ချခဲ့သည်။ ၎င်းပစ်ချမှုကြောင့် မည်သည့်ထိခိုက်ပျက်စီးမှုမရှိသော်လည်း ကျေးရွာပြည်သူလူထုများမှ ထိတ်လန့်ကြောက်ရွံ့ပြီး စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရန်အတွက် အခက်အခဲဖြစ်စေသည်။

မေလ(၁၂)ရက်နေ့တွင် ၎င်းအာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဒလဆိပ်ကျေးရွာအုပ်စုနှင့် အင်းနက်ကျေးရွာအုပ်စုတွင် စစ်ရေးအရ ထိုးစစ်ဆင်လာသောကြောင့့်် ဒေသအတွင်း ပြည်သူ လူထု၏ လူမှုဘဝလုံခြုံရေး တာဝန်ယူရသော KNLAတို့နှင့် ထိပ်တိုက်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် အင်းနက်ကျေးရွာအုပ်စု ငဗြက်အင်းကျေးရွာအနီးတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် (၃)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့သည်။ ဒလဆိပ်ကျေးရွာအုပ်စုတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့သည်။ ဇွန်လ(၂)ရက်နေ့တွင် မဘီကြီးကျေးရွာအနီးတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLAတို့နှင့် ထိပ်တိုက်ပစ်ခတ်မှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

မေလ (၁၀) ရက်နေ့တွင်လည်း ၎င်းအာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းဦးဆောင်ပြီး အင်းနက်ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာရှိ ဘာသာရေးအဆောက် အအုံဖြစ်သော ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ၆၀-မမနှင့် ပစ်ချပြီး (၈)နှစ်အရွယ်ကလေးမလေးတစ်ဦးကို ထိမှန်ခဲ့သည်။ မေလ(၂၀)ရက်နေ့တွင် ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး အင်း နက်ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်နှင့် လက်နက်ပေါင်းစုံဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူလူထု၏ ကျွဲနွားတိရိ စ္ဆာန်အချို့ကို ထိမှန်သေဆုံးခဲ့သည်။

ဇွန်လ(၁)ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ တာဝန်ရှိသူများမှ စာအမှတ်-လဒ/၁၁၀/၇/နရ၊ ရက်စွဲ-၂၁/၅/၂၂ပါ ညွှန်ကြားစာကို ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြည်သူလူထုများကို ရှင်းလင်းဆွေးနွေးပြီးနောက် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဘက်မှ လည်း ၎င်းတို့၏အုပ်ချုပ်ရေး ယန္တယားကို ပြည်သူလူထုထံသို့ အတင်းသွတ်သွင်းရန်အတွက် လူ့အခွင့်အရေးကို ချိုးဖောက်ကာ ပြည်သူလူထုကို နည်းမျိုးမျိုးဖြင့် အကြပ်ကိုင်ခဲ့သည်။