စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ


၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ရက် ကေအဲန်ယူ - ဗဟို
ဇွန်လ (၇)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်ထိန်းချုပ်နယ်မြေဖြစ်သော ဒေါင်းတောင်(လက်ပံပင်ရွာ နှင့် ဘိုက္ကားကျေးရွာအကြား)၌ စစ်အင်အားအပြည့်ဖြင့် မောင်း နှင် လာသော စစ်ကောင်စီယာဥ်တန်းကို ကရင့်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) နှင့်ပူးပေါင်း တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၀) ဦးသေကာ၊ (၁၅) ဦးထိခိုက်ဒဏ်ရာရသည်ဟု မြေပြင်တပ်မှူးများထံမှသတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီ ယာဥ်တန်းသည် စစ်အင်အားအပြည့်ဖြင့် ပဲခူးမှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ဒေါင်းတောင် သို့အရောက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီယာဥ်တန်းနှင့် KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး KNLA နှင့်ပူးပေါင်းအဖွဲတို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲ တာဝန်ခံမှပြောသည်။

ယခုတစ်ပတ်အတွင်း၌ ကေအဲန်ယူ-သထုံခရိုင်အတွင်း အာဏာ သိမ်း စစ်ကောင်စီ လက်အောက်ခံတပ်များမှ စစ်ရေးလှုပ်ရှားမှုများနှင့် စစ်အင်အားတိုးချဲ့လာခြင်းကြောင့် နယ်မြေခံ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်များအကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားလျှက် ရှိသည်။