စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီ(နတ်ကြီး)စခန်းမှ လက်နတ်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ (၁)ဦးနှင့် သူမ၏ကလေးငယ် (၁)ဦးသေဆုံး


၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ရက် ကေအဲန်ယူ - ဗဟို

ဇွန်လ (၂၃) ရက်၊ နေ့လည် ၁ နာရီဝန်းကျင်က ကေအဲန်ယူ- ဘီးလင်းမြို့နယ်အတွင်း စခန်းချ တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၄၀၄) တပ်၊ စကခ (၈) လက်အောက်ခံပူးပေါင်းတပ်များ (နတ်ကြီး)စခန်းမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ (၁) ဦးနှင့် သူမ၏ ကလေးငယ် (၁)ဦးသေဆုံးခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီ နတ်ကြီးစခန်းမှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာမှ အသက် (၂၅) နှစ်အရွယ်ရှိ နော်စန်းစန်းဝင်း (ခ) နော်အေးနှင့် သူမ၏ (၁) နှစ် (၂) လသားအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရသည်။

"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃) ချက်ပစ်တယ်၊ ၁ နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄) ချက်ပစ်တယ် နောက်ဆုံး (၁) ချက်က ဆရာမ အိမ်ဘေး ကျပြီးပေါက်ကွဲခဲ့တာ"ဟုဒေသခံတစ်ဦးကပြောသည်။

ယခုဖြစ်စဥ်သည် စစ်ကောင်စီ နတ်ကြီးစခန်းမှ နယ်မြေခံ KNU တပ်များနှင့် ထိတွေ့ပစ်ခတ်မှုမရှိပဲ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် လူနေထိုင်ရာကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းသာဖြစ်သည်။ ဆရာမနော်စန်းစန်းဝင်းသည် အစူးချောင်းကျေးရွာတွင်နေထိုင်၍ ဝင်းကတိုက်(ဝါကတယ်)ကျေးရွာတွင် ပညာသင်ကြားပေးနေသော ကျောင်းဆရာမတစ်ဦးဖြစ်ပြီး နတ်ကြီးစခန်းမှ ပစ်ခတ်သောလက်နက်ကြီးမှာ သူမ၏ နေအိမ်နံဘေးကျရောက်ပေါက်ကွဲ၍ သူမနှင့်ကလေးငယ်တို့အား ထိမှန်ခဲ့ကာသေဆုံးခဲ့ခြင်းဖြစ်သည်။